နန်ဟွိုင်လင် မောပန်းနွမ်းနယ်စွာနဲ့ အိမ်ကိုပြန်လာတော့ သူအိမ်ထဲကို ရောက်ရောက်ချင်းပဲ ရွမ်ရှင်းဆီက ဖုန်းဝင်လာတယ်။

"ကိုယ် အိမ်သန့်ရှင်းရေးလုပ်ပေးမယ့်လူတစ်ယောက်ကိုရှာတွေ့ပြီ။ မနက်ဖြန် မင်း ဟိုနေရာကိုသွားစရာမလိုတော့ဘူး။ ကိုယ် မင်းရမဲ့လစာကို Wechatကနေ နောက်ရက်အနည်းငယ်အတွင်း လွှဲပေးလိုက်မယ်"

နန်ဟွိုင်လင် ကတိုက်ကရိုက်နဲ့ ငြင်းဆိုလိုက်တယ်။ "မဟုတ်တာ.မဟုတ်တာ! ကျတော့်ကြောင့် ခင်ဗျားကို ဒုက္ခတွေအများကြီးဖြစ်စေခဲ့တာမို့လို့ ကျတော်က ရှက်ရွံ့နေတာ။ ကျတော် သေချာပေါက် ကျတော့်ရဲ့လစာကိုမတောင်းပါဘူး"

ရွမ်ရှင်းက အကြိမ်အနည်းငယ်လောက် သူ့ကိုထပ်ပြီးဖျောင်းဖျပေမယ့် နန်ဟွိုင်လင်က မယူဘူးချဥ်းပဲ အခိုင်အမာပြောနေတာကြောင့် ရွမ်ရှင်းလက်လျော့လိုက်ရတော့တယ်။ "အိုကေ ဒါဆို တစ်နေ့နေ့ ကိုယ် မင်းကို တစ်ခုခုလိုက်ကျွေးမယ်လေ"

"ညစာဆို အဆင်ပြေပါတယ်။ ဒါပေမယ့် အဲ့ဒါကို ကျတော်ပဲ ဝယ်ကျွေးမှာနော်။ ကျတော် ခင်ဗျားကို အမြဲတမ်း ညစာလိုက်ကျွေးချင်နေခဲ့တာ၊ ကျတော့်ကို အလုပ်တစ်ခုပေးခဲ့လို့ ကျေးဇူးတင်ချင်တာကြောင့်ရော."

ရွမ်ရှင်း သူ့ရဲ့စကားကြောင့် မျက်ရည်တွေဝဲအောင်ကိုကြွေသွားရပြီး ရယ်ရောရယ်လိုက်မိတယ်။ "မင်းကလေအရမ်းကို....အဲ့ဒီပုံစံလေးက ချစ်ဖို့ကောင်းတယ်"

နန်ဟွိုင်လင် ရှက်ရွံ့စွာမေးလိုက်မိတယ်။ "အဲ့တာက ကျတော်ကိုချီးမွမ်းတဲ့စကားလား?"

" ဒါပေါ့ "

နန်ဟွိုင်လင် အရမ်းကိုပျော်မိသွားတယ်။ "ကိုယ်အားကျရတဲ့အိုင်ဒေါဆီက ချီးကျူးခံတာက အရမ်းကိုခံစားလို့ကောင်းတာပဲ"

ရွမ်ရှင်းက အရာတော်တော်များများမှာတော့ နတ်ဘုရားပဲ။ သူ့ရဲ့ကုမ္ပဏီဝန်ထမ်းတွေထဲက 80ရာခိုင်နှုန်းက သူ့ရဲ့ဖန်တွေချည်းပဲ။ နန်ဟွိုင်လင်ကလဲ အဲ့ဒီထဲကတစ်ယောက်ပေါ့။

ဖုန်းလည်းချပြီးသွားရော သူ့ရဲ့ရင်ထဲမှာရှိတဲ့စိတ်ဓာတ်ကျမှုတွေက အဝေးကိုလွင့်ပျောက်သွားကြတယ်။ မနက်ဖြန် ဖေ့ကျန်းရဲ့အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ သူ မသွားရတော့တဲ့အပြင် သူ့ရဲ့အေးဂျင့်အသစ်ကို အတည်မပြုရသေးတာကြောင့် ရုံးခန်းကို အပြေးသွားစရာလည်းမလိုသေးဘူး။ နောက်ပြီး ကြယ်နိုင်ငံကတာဝန်ရှိသူတွေဆီကလည်း ဘာသတင်းမှမကြားရသေးဘူးဆိုတော့ အိမ်တစ်အိမ်ရှာဖို့ သူမှာ အချိန်တွေအများကြီးကို ရှိနေတာရော်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now