" သိပ်မအော်နဲ့လေကွာ ။ သူများတွေကြားသွားဦးမယ် "

" ဟီး ... ဟုတ် မမလှိုင် "

လှိုင် ခပ်တိုးတိုးလေးရယ်လိုက်သည် ။

" မမလှိုင် "

" ရှင့် "

" ထွေးကို တကယ်ချစ်တာလားဟင် "

" တကယ်ပေါ့ "

" ချစ်တယ်လို့ ဖြေပေးပါလား မမလှိုင်ရယ် "

" ထွေးငယ်ကလည်းကွာ ။ကလေးကို အဲ့လိုပြောရမှာ နည်းနည်းများ ရှက်စရာကောင်းနေမလားလို့ "

" ထွေးတောင် လူကြီးကို မရှက်မကြောက်ဘဲ ချစ်စကားပြောခဲ့သေးတာကို "

" မင်းကမင်းလေကွယ် "

" မမလှိုင်က ထွေးကို တကယ်မချစ်ဘူးပဲ "
ထွေး ဝမ်းနည်းဟန်ဆောင်လိုက်သည် "

" ချစ်ပါတယ်ထွေးငယ်လေးရယ် "

" ဟီး အဲ့လိုမှပေါ့ မမလှိုင်ရဲ့ "

လှိုင် ထပ်တလဲလဲ ပြုံးမိနေပြန်သည် ။

" မင်း ဘယ်နားကနေ ဖုန်းပြောနေတာလဲ ထွေးငယ် "

" ထွေးက ခြံထဲမှာ လမ်းလျှောက်ရင်းပြောနေတာပါ "

" ဒါဆို ကောင်းကင်ကြီးကို မော့ကြည့်လိုက်စမ်းပါဦးကွယ် "

ထွေး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည် ။

" ကောင်ကင်ကြီးကလှတယ်နော် မမလှိုင် ။ လမင်းကတော့ လပြည့်ညဆို ပိုလှမယ်ထင်တယ်နော် "

" တို့တော့ အဲ့လိုမထင်ပါဘူး ။ လမင်းကြီးက
လေးကိုင်းလေးလိုကွေးနေတဲ့အခါ ပိုကဗျာဆန်တယ် မဟုတ်လား "

" မမလှိုင်ပြောတော့လည်း ဟုတ်တာပဲနော် ။ ဒါဆို ကြယ်လေးတွေနဲ့ လမင်းကြီးဆို ဘယ်ဟာပိုလှလဲ မမလှိုင် "

" အကုန်လုံးလှတယ် ထွေးငယ် ။ နောက်ခံကောင်းကင်ကြီးကလည်း လှတယ် ။ မှောင်မိုက်နေတာကိုက လှနေတာ ။ သူသာတခြားအရောင်ဆိုရင် ကြယ်တွေရော လမင်းကြီးရော အခုလောက်လှမယ်မထင်ဘူး "

" မမလှိုင်က ကဗျာဆန်ဆန်တွေသိပ်တွေးတတ်တာပဲ "

" တို့ ဒီလိုတွေမတွေးတတ်တော့တာ နှစ်အတော်ကြာနေပြီ ထွေးငယ် ။ မင်းနဲ့တွေ့တော့မှ ပြန်တွေးတတ်လာတာ "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောTahanan ng mga kuwento. Tumuklas ngayon