" ဟုတ် "

ထွေး ကားငှားပြီး ဆေးခန်းက ဆုဝေတို့အိမ်ကို သွားလိုက်သည် ။

*************************************

ထွေးကို မြင်တော့ ဆုဝေ ခြံတံခါးသွားဖွင့်ပေးလိုက်သည် ။

" လာလာ ။ နင်ဖုန်းဆက်ကတည်းက ငါစောင့်နေတာ "

ဆုဝေ ထွေးလက်ကို အလောတကြီးဆွဲကာ ဧည့်ခန်းထဲကိုသွားလိုက်သည် ။

" ထိုင် "
ဆုဝေ ထွေးကို အရင်ထိုင်စေလိုက်သည် ။

" ငါ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး "
ထွေး ထိုင်ခုံပေါ် ထိုင်ရင်းပြောလိုက်သည် ။ ထွေး အသံက ခပ်ပျော့ပျော့ ။

" ဘာဖြစ်တာလဲ အရင်ပြောလေ ထွေးရဲ့ ။ ငါကူညီနိုင်တာရှိရင် ကူညီမှာပေါ့ "
ဆုဝေ ထွေးဘေးကခုံမှာဝင်ထိုက်ပြီးပြောလိုက်သည် ။

" ငါ့အစ်ကိုက .. "
ထွေး စကားကို ရပ်ထားလိုက်သည် ။

" ပြောလေဟယ် "

" အစ်ကိုက မမလှိုင်နဲ့ သူနဲ့ကို အောင်သွယ်ပေးဖို့ ထပ်ပြောနေပြန်ပြီ "
ထွေး သက်ပြင်း တိုးတိုးလေးချသည် ။

" အေး ရှုပ်ကုန်တော့မှာပဲ "
ဆုဝေ ခေါင်းကိုကုတ်လိုက်သည် ။

" ငါ ဘယ်လိုလုပ်ရမလဲ ။ ပြောပါဦး ဆုဝေရဲ့ "

" နင်က ဘယ်လိုလုပ်ချင်လို့လဲ "

" ငါကတော့ လုပ်ချင်တာရှိတယ်လေဟာ "

" ဒါဆို လုပ်ချပစ်လိုက်ပေါ့ ခင်ထွေးမွန်မရဲ့ "

" အားနာစရာတွေဖြစ်ကုန်မှာပေါ့ "

" နင်က ဘာလုပ်ချင်တာ မလို့လဲဟ "

" ငါ အစ်ကိုနဲ့ လုံးဝအောင်သွယ်မပေးနိုင်ဘူး ။ ငါပဲရအောင်ယူမှာ မမလှိုင်ကို "

" အမလေးဟယ် ။ ဒါနဲ့များ ဘာတွေညစ်နေတာလဲ ။ ရအောင်ယူပစ် ။ ငါ အားပေးတယ် "
ဆုဝေ ထွေး ပုခုံးကို ရိုက်ချလိုက်သည် ။

" အသာလုပ်ပါဟဲ့ "
ထွေး ဆုဝေကို မျက်စောင်းလေးထိုးလိုက်သည် ။

" ပြိုင်ဖက်ရှိတော့ နင် တော်တော်တော့ကြိုးစားရမယ်နော် ထွေးမ "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now