"ဟင့်အင်း ကိုယ်ကရအောင်ကယ်မှာ။ ဒါနဲ့ ​ကောင်းဆက် ကိုယ် ဘယ်လိုသေရမလဲဆိုတာ ထပ်မြင်ပြီးပြီမဟုတ်လား။ ဟိုတခါပြန်ကြည့်ပေးတုန်းကလေ"

"အင်း မြင်ပြီးပြီ"

"အဲ့ဒီထဲမှာ ​ကောင်းဆက်ပါ ပါနေတာလား။ အဲ့ဒါကြောင့် တကျော့ပြန်ထပ်လာဦးမယ့် သေခြင်းတရားကို မကြောက်တော့တာလား? အဲ့ဒါ ကိုယ်နဲ့ပတ်သတ်နေတာလား။ ကိုယ့်​ကြောင့် ​ကောင်းဆက် တခုခုဖြစ်သွားမှာလား? ဒါမှမဟုတ် ကိုယ်တို့က အတူတူသေရမှာလား"

မေးခွန်းတွေက အရမ်းများသွားလို့လားမသိ ကောင်းဆက်ရယ်သည်။ ရယ်လိုက်တိုင်း လှစ်ခနဲ​ပေါ်​ပေါ်လာတတ်တဲ့ နှုတ်ခမ်းထောင့်က အခွက်လေးကို မြင်လိုက်ရတိုင်း မိမိအတွက်တော့ သေစေနိုင်သည့် လက်နက်ပမာ Shane ခံစားရစမြဲ။

"မေးခွန်းက သိပ်အသေးစိတ်လွန်းတယ် ကျွန်တော်မဖြေချင်ဘူး"

"တခုပဲဖြေ ကိုယ့်​ကြောင့် ​ကောင်းဆက် မင်း..."

"ကျွန်တော်မဖြေချင်ဘူးလို့ Shane ကိုပြောတယ်လေ။ ကျွန်​တော် အလုပ်ထဲပြန်​တော့မယ်"

ပြောပြောဆိုဆို ထရန်ပြင်နေသည့် ကိုယ်ခန္ဓာလေးက Shane ရဲ့လှမ်းအဆွဲမှာ တုံ့ခနဲရပ်ခဲ့သည်။

"Kelvin သမီးလေးနဲ့ ပတ်သတ်ပြီး တခုခုမြင်လိုက်တယ်မဟုတ်လား"

"အကုန်မြင်လိုက်တယ် ဒါပေမယ့် "

"သိပါတယ် ထုတ်ပြောလို့မရဘူးဆိုတာ။ ဒါပေမယ့် ​ပြောလို့ရတဲ့ ဘောင်လေးထဲကပြောကြည့်ပါလား။ Edward ကယ်တင်ခဲ့ဖူးသလို နောက်ထပ်အသက်တချောင်းကို ထပ်ကယ်တင်ပေးဖို့ ကြိုးစားကြည့်ရအောင်"

"အဲ့ဒီကလေးလေးရဲ့ အဖေနဲ့ အဆက်အသွယ်မပြတ်ဘူး မဟုတ်လား "

"ရင်းနှီးပေမယ့် အလုပ်တွေများတော့ သိပ်မဆက်သွယ်ဖြစ်ဘူး"

"အခုကစပြီး နေ့တိုင်းစကားစမြည်ပြောပေးပါ။ သူတို့ဘက်မှာ တစုံတခုပေါ်ပေါက်လာရင် Shane ချက်ချင်းသိနိုင်အောင်လို့ အဲ့ဒါဆိုအချိန်မှီလောက်ပါတယ်..."

"အင်း ကိုယ်လုပ်လိုက်မယ်"

"ဒါဆို ကျွန်တော်သွားပြီနော်"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now