ဒီအခြေအနေကြီးက အရမ်းကို့ယို့ကားယားနိုင်လွန်းတာကြောင့် ဖေ့ချန် ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ဘူး။

ဖေ့ကျန်းက လမ်းလျှောက်လာပြီး သူ့ရဲ့မျက်လုံးတွေက နန်ဟွိုင်လင်နဲ့ သူ့ကြားမှာ စက္ကန့်အနည်းငယ်လောက် ကူးလူးသွားပြီးမှ မေးလာတယ်။ "မင်းရဲ့ ကောင်လေးလား?"

ဖေ့ချန် ပြန်ဖြေတော့ စကားတွေကအထစ်ထစ်အငေါ့ငေါ့နဲ့ အစီအစဥ်မကျဘူးဖြစ်နေတယ်။

"မဟုတ်ဘူး။ ကျတော်...ကျ..ကျတော့် သူငယ်ချင်း။ ကျတော်က....ကျတော်က သူ့ကို အသိပြန်ဝင်စေဖို့ နဂါးတံတွေးနည်းနည်းပေးပြီး ကူညီချင်ရုံပဲ."

ဖေ့ချန်က ဆက်ကနဲ ပြန်လှည့်ကြည့်လိုက်ပြီး "အကို သူဘာလို့ ဒီလောက်ဆိုးဆိုးဝါးဝါးဖြစ်သွားတာလဲ? သူ့ကို ဆေးရုံပို့ပေးတဲ့လူက ဘယ်လိုလုပ် အကိုဖြစ်သွားတာလဲ? သူ ဘယ်လိုဆေးခတ်ခံလိုက်ရတာလဲ? ဒါမျိုးအောက်တန်းကျတဲ့လုပ်ရပ်ကို ဘယ်သောက်ခွေးလုပ်သွားတာလဲ?!"

ဖေ့ကျန်းက သူ့ရဲ့မူပိုင်ပုံစံ အေးတိအေးစက်နဲ့ပဲပြန်ဖြေတယ်။ "ငါ သူ့နားကိုဖြတ်သွားမိတော့ မင်းရဲ့ နာမည်ကို ခေါ်တာကြားလိုက်တာ။ ဒါကြောင့် ငါ သူ့ကို ဂရုစိုက်လိုက်သင့်တယ်ထင်လို့။ ငါလုပ်စရာရှိသေးလို့ သွားရတော့မယ်"

ဖေ့ချန်ရဲ့ ထပ်မေးလာမဲ့မေးခွန်းတွေကို စောင့်မနေတော့ဘဲ ဖေ့ကျန်းပြန်ထွက်ဖို့လှည့်လိုက်တယ်။ တံခါးပေါက်နားရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကိုပြန်လှည့်လိုက်ပြီး ​သတိထပ်ပေးလိုက်တယ်။ "ဒါက ဆေးရုံ။ မင်းရဲ့ အပြုအမူတွေဆင်ခြင်ပြီး ရှေ့နောက်လည်း ကြည့်ဦး"

ဖေ့ချန်က အံ့ကြိတ်သံကြီးနဲ့ "သိတယ်။ ကိုယ် သွားစရာရှိတာသွား"

ဖေ့ချန် ရုတ်တရက် တခြားတစ်ခုကို သတိရသွားပြီး ဖေ့ကျန်းကို ပြောလိုက်တယ်။ "ဟို...အကို ကျတော်တို့ ကားလဲရအောင်။ ပြီးရင် ဟန်နီဘယ်လ်ကို အိမ်ခေါ်သွားလုပ်ဦး"

သူတို့နှစ်ယောက်ရဲ့ ကားသော့တွေကို လဲပြီးတော့ ဖေ့ကျန်းက ပြန်သွားတယ်။

သွင်းထားတဲ့ဆေးကပဲ အလုပ်ဖြစ်တာလား၊ ဒါမှမဟုတ် နဂါးတံတွေးကပဲ မှော်ဆန်ဆန်အလုပ်ဖြစ်တာလား မသိဘူး နန်ဟွိုင်လင်ကတော့ တော်တော်လေးကို တည်ငြိမ်စပြုလာတယ်။ သူက ဖေ့ချန်ရဲ့ လက်မောင်းတွေကြားမှာ ကြောင်လေးတစ်ကောင်လိုပဲ လဲလျောင်းနေတယ်။ တစ်ချက်တစ်ချက် ညီးသံသဲ့သဲ့က ထွက်လာသေးတာ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now