" Jaemin ah ငါတို့လမ်းခွဲကြရအောင်"
" ... "
" မင်းလည်း ငါ့အပေါ် မချစ်တော့ဘူးလို့ ခံစားမိပြီး
ရိုးအီနေပြီလို့ ငါထင်တယ် "" အင်း အဲ့လိုလုပ်ကြတာပေါ့ ဒါမဲ့ "
" ... "
" 1 ပတ် နေပေး ငါ့နားမှာ ဒါငါနောက်ဆုံး တောင်းဆိုတာပါ Jeno!ပြီးရင် မင်းသွားချင်တဲ့ နေရာကို သွားလို့ရပြီ "
" အိုခေလေ သဘောတူတယ် မင်းသာ 1ပတ်ပြည့်ရင် ကိုယ့်ကတိကိုယ်တည်ဖို့ ကြိုးစားပါ"
" ငါသိတယ် "
အခန်းတံခါး ဆောင့်ပိတ်သံရဲ့နောက်မှာ ငိုကြွေးသံနဲ့ ကျန်ခဲ့မယ်ဆိုတာ သူသိပါ့မလား?
...............................................First 𝐝𝐚𝐲 < 𝐇𝗼𝐥𝐝𝐬 𝐲𝗼𝐮𝐫 𝐡𝐚𝐧𝐝𝐬 >
-----------------------------------------------အေးချမ်းပြီး တိတ်ဆိတ်လှတဲ့ မနက်ခင်းလေးက
ခါတိုင်း မနက်တွေထက် ပိုပြီး နာကျင်ဖို့ ကောင်းနေတယ်။" ငါသွားပြီနော် "
" ငါလိုက်ပို့ပေးချင်လို့ ရမလား "
" ... "
" မင်းအဆင်ပြေမှပါ ငါကရတယ် "
" ရတယ် မင်းလိုက်ချင်ရင် လိုက်ခဲ့ပါ "
" jeno ah!"
အရင်လို နာမည်ခေါ်လိုက်တာနဲ့ ပြုံးပြပြီး Nae လို့ မထူးတော့ဘူး ခါးသီးတဲ့ အကြည့်တွေနဲ့
" ငါ့ကို လက်တွဲပေးလို့ရမလား "
" ကားပေါ်မှာလား "
" အင်း "
" မင်းကားမောင်းတာ အနှောက်အယှက် ဖြစ်နေလိမ့်မယ် "
" ရပါတယ် ငါထိန်းပြီး မောင်းမယ် "
ခါတိုင်းဆို ကားမောင်းနေရင်တောင် ခါးကို ဖက်ထားပြီး လက်ကို ကုမ္မဏီရောက်တဲ့ထိ တွဲထားပေးတဲ့ သူက အခုလို စကားတောင်ပြောလာပြီဆိုတော့....
" မင်းလက်တွေ အေးနေတယ် Jaemin "
" ရတယ် အဲ့လိုဘဲ "
" တစ်ခုခုဆို ဂရုစိုက် ငါ့ကို မပြောချင်ရင်တောင် ဆေးခန်းလေးတော့ သွားပြပါ "
YOU ARE READING
The Last "7" ~ Nomin
FanfictionLoved you yesterday, love you still, always have, always will Elaine Davis