ထယ်ယောင်းအရှေ့က ဟင်းရည်ပန်းကန်ကိုယူကာ ဂရုတစိုက်မူတ်ပေးနေပြန်တဲ့ဂျောင်ကု
ဇွန်းနဲ့ခပ်ကာပါးစပ်နားတေ့ပြီးမပူတော့အောင်မူတ်ပြီးမှ

''အာ''

ထယ်ယောင်းကိုကြင်နာစွာခွံကျွေးနေပါသောဂျောင်ကုရယ်
ထယ်ယောင်းလည်း ဟင်းရည်ကိုသောက်လိုက်သည်

''ပူနေသေးလား ''

''မပူတော့ဘူး''

''မြန်မြန်စားလေ ထမင်းကြော်တွေအေးကုန်တော့မယ်''

''အင်း''

ဂျောင်ကုကထယ်ယောင်းကိုဟင်းရည်လေး ခွံလိုက် စားလိုက်နှင့်ပင် နှစ်ယောက်သားမနက်စာစားခြင်းကိုအဆုံးသတ်လိုက်သည်

ဂျောင်ကုပန်းကန်တွေဆေးကြောကာ နေရာတကျထားပြီးနောက်ဧည့်ခန်းထဲထွက်လာတော့ သခင်လေးရှိမနေ အပေါ်တတ်မှာဖြစ်မည်ထင်သည်
ဒီနေ့ပိတ်ရက်ဖြစ်တာမို့ ဂျောင်ကုသခင်လေးနဲ့မားကတ်သွားဖို့ဆုံးဖြတ်လိုက်သည်

........

''သခင်လေး''

''လာပြီ လာပြီ''

တံခါးလာဖွင့်ပေးပြီးအထဲဝင်စေသည်

''သွားရအောင် ပြင်ဆင်ထားလိုက်''

''ဘယ်ကိုလဲ ''

''မားကတ်လေ ပန်းချီပစ္စည်းတွေသွားဝယ်ကြမယ်''

''တကယ် တကယ်နော် ဟီး''

''အင်းတကယ် ဒါမဲ့ ဦးလေးလီလာမှသွားမယ်လေ အခုက အိမ်မှာဘယ်သူမှမရှိဘူးစောင့်မို့''

''အိုကေ ငါပြင်ထားလိုက်မယ် ဦးလေးလီလာတာနဲ့ငါတို့သွားကြမယ်နော်ဂျောင်ကု''

''ဟုတ်ကဲ့ပါ''

ပျော်လုံးစို့နေတဲ့သခင်လေးကိုကြည့်ပြီးဂျောင်ကုမှာခနခနကိုပြုံးနေမိတော့သည်
သူလည်းအဝတ်စားလည်းမို့ကိုယ့်အခန်းကိုပြန်လာလိုက်သည်

..........

အဝတ်လည်းပြီးသခင်လေးအခန်းထဲသွားတော့ ကုတင်ပေါ်ငူငူငိုင်ငိုင်ကြီးထိုင်နေတဲ့သခင်လေးကြောင့် ဂျောင်ကုမှာစိုးရိမ်စွာ လေလိုအရှိနဲ့သခင်လေးနားရောက်မှန်းမသိရောက်သွားသည်

My Love in CANADA(Complete) Where stories live. Discover now