ရိပေါ်သည် ဆက်တိုက်ဝင်နေတဲ့ ဖုန်းကို မကိုင်ပါဘဲ လူတစ်ယောက်အား စကားပြောနေသည့်အတိုင်း ထို ဖုန်းအားကြည့်ကာ ဆိုနေခဲ့သည်။ မောင်ဟာ ဖုန်းတွေ ဆက်တိုက်ခေါ်နေပုံထောက်ရင် လက်စွပ် သွားကြည့်ရာက ပြန်လာပြီ ထင်ပါရဲ့

ထို့နောက် လုပ်စရာ မယ်မယ်ရရလည်း မရှိတော့ ပြတင်းပေါက်ဘက် မျက်နှာမူကာ
မောင်အလာ စောင့်ရုံ သာ သူတတ်နိုင်တော့သည် ။
ရိပေါ့် ခေါင်းရင်းမှာ ရှိနေတဲ့ ပြတင်းပေါက်ဟာ အမြဲ လေ တဖြူးဖြူးဖြင့် မောင်ဟာ တစ်ခါတစ်လေ အဖွင့်မခံပေ။

* ဝုန်း !!!!!!*

" အသက်ငယ်...! မောင့် ဖြင့် ဖုန်း မကိုင်တော့ စိုးရိမ်သွားတာ"

မောဟိုက်စွာ ပြောနေတဲ့ ရှောင်ကျန့် ဟာ ‌ချွေးတွေဖြင့် အဝတ်အစားပင်မလဲနိုင် နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘက်ကို ဖိကာ ပြောနေသောသူကို ရိပေါ်သည် တစ်ချက်ပင် အကြည့်မစွန့်ကျဲခဲ့တာ
မောင်ဟာအလောတကော လာတာ ရိပေါ် မြင်သားဘဲ ဟာ ထပ် ကြည့်ပြီး အသိအမှတ်ပြုပေးဖို့လိုအပ်သေးလို့လား

" အသက်ငယ် ....."

တိတ်ဆိတ်နေတဲ့ ချစ်သူကြောင့် ရှောင်ကျန့်ဟာ စိုးရိမ်တကြီး ခပ်တိုးတိုးလေးဆိုလာသည်။ ထိုအခါမှ မျက်နှာ ပြန်လွဲလာတဲ့ အသက်ငယ်ဟာ သူ့ကိုတော့ဖြင့် မကြည့်လာပါ။

" အသက် ‌ဘာမှ မစားထားဖူးလား ဆိုးလိုက်တာ"

ရှောင်ကျန့်သည် တစ်ဖက်စားပွဲပေါ်က အသားများစွာနဲ့ ပုံမပျက်ရှိနေတဲ့ဆန်ပြုတ် ပန်းကန်ကိုကြည့်ကာ ဆိုတော့ ရိပေါ်က ပြုံးသည် ။

" ငါဆိုးတာ မောင့်ကိုတော့ မမှီလောက်ပါဘူး"

" ဟင်း... တစ်ခုခု စားပါ့လား အသက်ငယ်
အစာအိမ်လည်း ရှိသေးတာ မင်း နေမကောင်းဖြစ်ရင် မောင်စိတ်ပင်ပန်းရတယ် "

ရှောင်ကျန့်က မျက်နှာငယ်လေးနဲ့ ချော့မြူကာ ပြောနေသော်‌ငြားခြောက်ကပ်ကပ် ရယ်သံ တစ်ခုကလွဲလို့ သူ့ထံ မည့်သည့် အကြည့်မှ ရောက်လာခြင်း မရှိပေ ။
ရိပေါ်သည် မောင့်စကားကြောင့် ဟက်ဟက်ပက်ပက်ရယ်ချပလိုက်တော့သည်။
မောင်ဟာ သူနေမကောင်းရင် စိတ်ပင်ပန်းပါသည်တဲ့ အဟင်း ရယ်ရလွန်းလို့ မျက်ရည်ပါ ထွက်ပါတယ်မောင်ရယ်

PAIN..(Complete)Where stories live. Discover now