" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 11 )

145 11 2
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

               အခန်း ( ၁၁ )

       ဝန်းရံခကျောင်းသို့ရောက်ခဲ့လေပြီ ခါတိုင်းလိုပင် ကောင်းညို့မာန်နှင့် တွေ့ဆုံနေကျနေရာလေးမှာ စောင့်နေလေတော့သည်။ ကျောင်းအတန်းချိန်နားပင်ကပ်နေလေပြီ ကောင်းတစ်ယောက်ရောက်မလာသေးပေ။ တစ်အောင့်ကြာတော့ ကောင်းရဲ့ကားလေးသည် ကျောင်းထဲသို့ဝင်ရောက်လာလေတော့သည်။ ဒီတစ်ခါထူးခြားတာက ကောင်းသည်ခါတိုင်းကဲ့သို့ ဝတ်စားမှုမျိုးမဟုတ်ဘဲ ပုံစံကတစ်မျိုးပြောင်းနေလေတော့သည်။ သပ်ရပ်လွန်းတဲ့စတိုင်မျိုးနဲ့ ပြင်ဆင်ဝတ်ဆင်ထားလေပြီ ပိုမိုထူးခြားတာက သူ့ဘေးခုံကဆင်းလာသူ အမျိုးသမီးလေးတစ်ယောင်ပင်။ ထိုကောင်မလေးသည် လှပသောကောင်မလေးတစ်ယောက်ပုံစံလေးနှင့် ကောင်း၏ကားပေါ်မှနေဆင်းသက်လာလေတော့သည်။

         ဝန်းရံခတစ်ယောက် ငေးကြည့်နေမိသည် အံ့သြမင်သက်နေမိသည် သူ့အနီးကပ်နေခဲ့သူ သူတောင်ထိုကောင်မလေးအား မသိပေ။ ပိုဆိုးတာက ကောင်းသည်သူ၏ ကားပေါ်သို့ တစ်ခါမှမိန်းကလေးတွေကိုမခေါ်ခဲ့ပေ။ ဒါဆိုထို​ကောင်မလေးသည် မည်သူနည်း။ ဝန်းရံခတစ်ယောက် အတွေးပင်များစွာတွေးမိနေသော်လည်း အဖြေကပေါ်မလာသေးပေ။ ကောင်းနှင့်ထိုကောင်မလေးတို့ ကားပေါ်မှဆင်းကာ သူ့ဘေးနားကနေဖြတ်သွားလေတော့သည်။

" ကောင်း... "
  
        ဝန်းရံခတစ်ယောက် ကောင်းကိုခေါ်လိုက်လေတော့သည်။

" သြော် အစ်ကိုဝန်းရံခ "

        ခေါ်လိုက်တာက အစ်ကိုဝန်းရံခတဲ့။ တစ်ခါမှသူ့ကို အစ်ကိုဝန်းရံခလို့ မခေါ်ခဲ့သူကောင်းက အခုတစ်ခါမှာတော့ အပြည့်အစုံကို ခေါ်ဆိုနေလေပြီ။

  " ကောင်း ဘယ်လိုခေါ်လိုက်တာလဲ "

  " အစ်ကိုလို့ခေါ်လိုက်တာလေ အစ်ကိုဝန်းရံခရဲ့ ဘာဖြစ်လို့လဲ "

" ကောင်း ဘာတွေဖြစ်နေတာလဲ "

" ကျွန်တော်ဘာမှမဖြစ်ပါဘူး သြော်မေ့လို့ မိတ်ဆက်ပေးရဦးမယ် သူက ဝတ်ရည်တဲ့....  ဝတ်ရည်သူက ကိုယ့်ရဲ့ မိတ်ဆွေဆိုတာလေ ပြောဖူးတယ်မဟုတ်လား ဝန်းရံခဆိုတာပေါ့ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now