" ငါ အဲ့လိုကြီးမဟုတ်ပါဘူးဟ "

" ပြောတာပဲ ။ ဒါနဲ့ သူ့ကို ဘာလို့သွားမတွေ့တာလဲ "

" အစ်ကိုပေါ့ ။ ငါ မမလှိုင်ဆီ သွားမယ်လုပ်တိုင်း ဟိုဟာလေး ယူသွားပေးပါ ။ ဒီဟာလေး ယူသွားပေးပါနဲ့ ။ သူက မမလှိုင်ကို ပိုးနေတာ "
ထွေး ငိုသံပါပါနဲ့ပြောလိုက်သည် ။

" ဟဲ့ မငိုပါနဲ့ ။ နင်သူ့ကို တကယ်ချစ်နေတာပဲ ။ သူကလေ နင့်အစ်ကိုကို ပြန်သဘောကျမှာမဟုတ်ပါဘူး ။ ငါ နင့်မွေးနေ့မှာကတည်းက ရိပ်မိတယ် "

" ဒါပေမယ့် ဒီအခြေအနေကြီးက ရှုပ်ထွေးတယ်မလား ။ ငါ စိတ်ရှုပ်လို့ ရူးတော့မှာပဲ ။ မမလှိုင်ကို တအားချစ်မိနေပြီ "

" ဟူး... နင့်အခြေအနေကလည်း တကယ်ကိုမလွယ်တာပါလား "
ဆုဝေ ထွေးကို သနားသွားသည် ။

" ဘာပဲဖြစ်ဖြစ် မမလှိုင်က နင့်ကို ခင်ပါတယ် ။ နင် ကြိုးစားရင် သူ့အချစ်ကို ရနိုင်တယ် ။ နင် သတ္တိတော့ရှိရမယ်လေ ။ "

" အင်း.. ဒါဆို ငါ မနက်ဖြန် မမလှိုင်ဆီကို သွားမယ် "
ခန့်မှန်းမရတဲ့ အနာဂတ်အချိန်လေးအတွက် ခင်ထွေးမွန် တွေးပြီးပျော်နေသည် ။ ချစ်သောသူရဲ့မျက်နှာမြင်ရမှာကို မပျော်တဲ့သူ ကမ္ဘာမှာ ရှိပါ့မလား ။

*********************************

ဧည့်ခန်းထဲက တယ်လီဖုန်းမြည်သံကြောင့် ဝေဝေ သန့်ရှင်းရေးလုပ်နေရာမှ ရပ်ပြီး ဖုန်းသွားကိုင်လိုက်သည် ။

" ဟလို "

" ကံ့ကော်လှိုင်ရှိလား "

" ဟုတ်ကဲ့ ရှိပါတယ်ရှင့် "

" အခု ဖုန်းကိုင်နေတာကရော ဘယ်သူလဲ မသိဘူးခင်ဗျ "
တစ်ဘက်က အမျိုးသားတစ်ယောက်ရဲ့အသံဖြစ်သည် ။

" ဟုတ်ကဲ့ ။ ကျွန်မက ဦးထွန်းတို့အိမ်က အိမ်အကူပါ ။ မမလေးက သူ့အခန်းထဲမှာရှိပါတယ်ရှင့် "

" သြော် ... ဦးလေးက သူ့အဖေပါကွယ် ။ မနက်ဖြန်ကျရင် ဦးလေးအလည်လာမလို့ပါ ။ အဲ့တာ သမီးကိုပြောပြပေးပါဦး "

" ဟုတ်ကဲ့ရှင့် ။ ကျွန်မ ပြောပြထားလိုက်ပါ့မယ် "

" အေးအေး သမီး ။ ဒါဆို ဦးလေးဖုန်းချလိုက်တော့မယ် "

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now