ယန်မေ့ရုံ ဟော်မြန့်ပါးကန်ထဲကို စွပ်ပြုတ်တွေ အဆက်မပြတ် လောင်းထည့်ပေးသည်။ ကြည့်ရတာ ဟော်မြန့်ရဲ့ ဖျော့တော့တဲ့ မျက်နှာကြောင့် ဖြစ်လိမ့်မည်။

ဟော်မြန် မငြင်းဘဲ သုံးပန်းကန်တောင် သောက်လိုက်သည်။ နောက်ဆုံးပန်းကန်ပြီးတဲ့​နောက် သူမ ဆက်မသောက်နိုင်တော့ပေ။

စားပြီးနောက် သူမတို့ စကားအနည်းငယ် ပြောနေကြသည်။ အဲ့နောက် သူမ ဖုန်းဖွင့်ကြည့်လိုက်တဲ့အခါ အလုပ်လုပ်ရမဲ့ အချိန် နီးကပ်လာတာကို သတိပြုမိလိုက်သည်။

သူမ တောင်ပိုင်းကို ပြန်လာလိုက်ပြီး သူမရောက်သည်နှင့် အာရုံကြောဌာနက ဒါရိုက်တာလီက သူမကို အရေးတကြီးရှာနေတယ်ဟု သိလိုက်ရသည်။
ဟော်မြန် အဖြူရောင် သူနာပြုကုတ်ကို လဲလိုက်ကာ ငါးလွှာရှိ အာရုံကြောဌာနသို့ ချက်ချင်းတက်သွားလိုက်သည်။

အရင်က ဟွမ်ကျားမင်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဟော်မြန် အာရုံကြောဌာနနဲ့ အများကြီး ဆက်ဆံခဲ့ရသည်။ ဒါကြောင့် သူမ ဒီနေရာနဲ့ အတော်ရင်းနှီးသည်။

အာရုံကြောဌာနက ဒါရိုက်တာလီက ဟော်မြန့်အရည်အချင်းကို အများကြီး သဘောကျသည်။ ဒါရိုက်တာဝူကျင်းပတဲ့ အစည်းအဝေးမှာ ဟော်မြန် တစ်ခါက လက်​ထောက်ဒါရိုက်တာကော်ကို အာရုံကြောဆိုင်ရာ လေ့လာခြင်းကို ချက်ကျလက်ကျ ဆွေးနွေးဖို့ရန် လူသိရှင်ကြား စိန်ခေါ်ခဲ့ဖူးပြီး သူမနိုင်ခဲ့သည်။

အဲ့နောက် ဒါရိုက်တာလီက ဟော်မြန် သူနာပြုခေါင်းဆောင် ဖြစ်နေတာက ဖြုန်းတီးခြင်းဟု တွေးထင်ခဲ့သည်။

"ဒါရိုက်တာလီ ကျွန်မကို ရှာတယ်ဆို"

ဒါရိုက်တီက အသက်ငါးဆယ်ရှိသည့် မိန်းမတစ်ဦးပင်။သူမက မအိုသေးဘူးဟု ထင်ရသော်လည်း သူမဆံပင်တွေက နှင်းလို ဆွတ်ဆွတ်ဖြူနေပြီဖြစ်သည်။

သူမမျက်နှာက ကြင်နာမှုဖြင့် ပြည့်နေကာ လူတိုင်းနဲ့ တည့်တဲ့အတွက် နာမည်ကြီးသည်။

"ဟော်မြန် လာ ထိုင်"

ဟော်မြန် ခေါင်းညိတ်ကာ ဒါရိုက်တာလီမျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်သည်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now