"ဟို... ဒါ ဘယ်သွားမလို့လဲ သမီး "

ကံ့ကော်လှိုင်တစ်ယောက် အသံလာရာသို့
စောင်းငဲ့ကြည့်လိုက်သည် ။ နီရဲနေတဲ့လှိုင့်နှုတ်ခမ်းတွေက အနည်းငယ် မဲ့သွားသည် ။ စူးစူးရဲရဲအကြည့်တွေနဲ့ ဒေါ်မြမော်ကို တစ်ချက်ကြည့်လိုက်ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေသည် ။

ကံ့ကော်လှိုင်သည် မိထွေးဖြစ်သူ ဒေါ်မြမော်ကို နည်းနည်းမှကြည့်မရ ။ ယခုလည်း ကားထဲမဝင်ခင် ဒေါ်မြမော်ကိုကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်သည် ။ ထို့နောက် ကားကို ဖြည်းဖြည်းချင်းမောင်းပြီး ခြံထဲကနေ ထွက်သွားလိုက်သည် ။

" ဟင်း.... "

တဖြည်းဖြည်းမြင်ကွင်းကနေ ပျောက်ကွယ်လုနီးပါးဖြစ်သွားတဲ့ကားလေးကိုကြည့်ပြီး ဒေါ်
မြမော် သက်ပြင်းချလိုက်သည် ။

ကံ့ကော်လှိုင်ကတော့ ကားမောင်းရင်း အောင်နိုင်သူတစ်ယောက်လိုပြုံးလိုက်သည် ။

ပြင်ဦးလွင်ကနေ အချိန်အတော်ကြာမောင်းလာပြီးတဲ့နောက် လှိုင့်ကားလေးဟာ ခြံတစ်ခြံရှေ့ကို ရပ်လိုက်သည် ။
သို့သော် ခြံတံခါးကိုသော့ခတ်မထားတာကြောင့် လှိုင်ကိုယ်တိုင်ပဲ ဖွင့်ပြီးဝင်ခဲ့လိုက်သည် ။ ခြံထဲမှာ ကားကိုရပ်ပြီး ကံ့ကော်လှိုင်ကားပေါ်ကဆင်းလာတာကို ဦးထွန်းထွန်းတစ်ယောက် သဘောကျစွာ
ကြည့်နေလိုက်သည် ။တစ်စုံတစ်ယောက်ကိုလည်း သတိရမိသွားပြန်သည် ။

" မေလေးရယ် နင့်သမီးကိုမြင်တော့ နင့်ကိုသတိရမိပြန်ပြီဟာ "

ဦးထွန်းထွန်း စိတ်ထဲကနေပြောလိုက်တာကြောင့် ထိုစကားကို လှိုင်မကြားလိုက် ။ ကြားလို့လည်းမဖြစ်ပေ ။

" လှိုင် ဒီနှစ်တစ်နွေလုံး ဒီမှာနေမယ် ဦးထွန်း "

လှိုင့်ပုံစံက ဦးထွန်းဆီက ခွင့်တောင်းနေပုံမပေါ်ဘဲ အသိပေးရုံသပ်သပ်ပဲပြောနေပုံပေါ်သာဖြစ်သည် ။

" တူမလေးသဘောပါကွယ် ဦးထွန်းက တူမလေးကို သတိရနေတာ "

လှိုင် ဦးထွန်းကို ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးအိမ်ထဲကို ဝင်သွားသည် ။ထို့နောက် အိမ်ဖော်မလေးတစ်ယောက်က လှိုင့်ရဲ့ခရီးဆောင်အိတ်တွေကို သယ်ပေးပြီး လှိုင့်အတွက် အခန်းစီစဥ်ပေးလိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောWhere stories live. Discover now