"အင်းပါမောင်ကစတာပါနော် လက်စွပ်ကလည်းဒီအတိုင်းမောင်တို့ဆင်တူဝတ်ချင်လို့ပါ"
"ပိုက်ဆံဖြုန်းပြန်ပြီ"
တိမ်တိုက်ရောင်ကနှုတ်ခမ်းဆူကာ အပြင်သို့ကြည့်ပြီးပြောနေပုံလေးကအသည်းယားစရာပင်။
ခေတ်ကတော့တိမ်တိုက်စကားကိုချေပမနေတော့ပဲ ဦးတည်ရာကိုသာကားကိုဆက်မောင်းနေတော့သည်။Marketတစ်ခုရှေ့ရောက်တော့ခေတ်ကားကိုရပ်လိုက်သည်။
"ရောက်ပြီလား"
"အင်းလေရောက်ပြီ"
တိမ်တိုက်ကားပေါ်ကနေဆင်းလိုက်သည်။ခေတ်ပါလိုက်ဆင်းလေသည်။
"လာ ရောင် မောင့်လက်ကိုတွဲထား"
"ဟာ ရှက်စရာကြီးမတွဲပါဘူး"
ခေတ်တိမ်တိုက်လက်အားကိုင်ကာ တွဲထားလိုက်တော့သည်။တိမ်တိုက်ကတော့ရှက်လွန်းလို့ အောက်ငုံပြီးသာလိုက်လာခဲ့သည်။ဆိုင်ထဲရောက်တော့ လူများကကွက်ကြည့်ကြည့်နေကြနေကြသည်။ပတ်ဝန်းကျင်ကိုဂရုမစိုက်သောခေတ်ကတော့ တိမ်တိုက်လက်အား တင်းကြပ်စွာဖြင့်ဆုပ်ကိုင်ထားသည်။
"ဆရာ ကြွပါရှင့်"
ရွှေဆိုင်ထဲသို့ရောက်တော့ ဝန်ထမ်းကောင်မလေးကအပြုံးဖြင့်ကြိုဆိုလေသည်။တိမ်တိုက် ခေတ်အနောက်ကနေအသာလေးလိုက်လာခဲ့သည်။
"မနေ့ကငါမှာထားတာရပြီမလား"
"ဟုတ်ကဲ့ရပါပြီရှင့် ခနလေးစောင့်ပေးပါနော်"
ဝန်ထမ်းကောင်မလေးကခေတ်နဲ့စကားပြောပြီးထွက်သွားလေသည်။ခနကြာတော့အိတ်ကလေးကိုင်ကာပြန်ထွက်လာလေသည်။
"ဆရာဒီမှာပါ"
"အင်း"
ခေတ်ထိုအိတ်ကလေးအားယူကာဆိုင်ထဲမှပြန်ထွက်လာလေသည်။
"ဟယ် သူဠေးရဲ့သားကချောလိုက်တာဟယ်"
"ဟုတ်ပါ့နော် ငါတစ်ခါမှမမြင်ဖူးဘူး သိလား"
ခေတ်ရဲ့ချောမောမှုကိုတိမ်တိုက်ပင်မနာလိုဖြစ်ရလေသည်။ဝန်ထမ်းကောင်မလေးများကဆိုင်ထဲဝင်လာကတည်းကခေတ်ကိုကြည့်နေကြတာ။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...
အပိုင်း(၂၃)
Start from the beginning