Chapter 40

527 114 4
                                    

Author: Gong Zi Yu Ge

Chapter 40: တစ်ညလုံးပေါက်ကွဲထွက်ခြင်း

မုန်တိုင်းကသည်းထန်တဲ့မိုးနဲ့မိုးကြိုးတွေကိုတစ်ညလုံးယူဆောင်လာခဲ့တယ်။ မုန်တိုင်းလိုဘဲ ရှန်ကျင်းထျန်ကတစ်ညလုံးပေါက်ကွဲနေခဲ့တယ်။ မျှော်လင့်ထားတဲ့အတိုင်း သူကနာမည်ကြီးလာခဲ့တယ်။ နောက်တစ်နေ့သူအိပ်ယာနိုးတော့ ဆောင်ဦးမနက်ခင်းအလင်းရောင်က သူ့ခန္ဓာကိုယ်ပေါ်ဖြာကျနေပြီး ခူးဆွတ်ဖို့ရန်အတွက်တဖြည်းဖြည်းရင့်မှည့်နေပြီဖြစ်တဲ့မေချယ်ရီတွေကိုhighlightလုပ်ပေးပြီးထင်ရှားနေစေတယ်။ အချဉ်ဖောက်ခြာင်းဖြစ်စဉ်ကအချိန်လိုတယ်။

TVစီးရီးထုတ်လွှင့်တာပြီးသွားတော့ လူထုအမြင်တွေကနောက်တစ်နေ့မှာထိပ်ဆုံးကိုရောက်ရှိခဲ့တယ်။ ရှန်ကျင်းထျန်ကလီမေ့လန်ရဲ့phခေါ်ဆိုမှုကြောင့်နိုးလာခဲ့တယ်။ လီမေ့လန်ကသူမရဲ့အော်ဟစ်မြည်တမ်းမှုကိုမထိန်းချုပ်နိုင်ခဲ့ဘူး။
"ကျင်းထျန် နင်အောင်မြင်နေပြီ!"

သရုပ်ဆောင်တစ်ယောက်ကအောင်မြင်နေတယ်ဆိုတာဘယ်အရာကအကောင်းဆုံးသက်သေပြပေးနိုင်တာလဲ?

Hot searchလား?ဝယ်လို့ရတယ်လေ။

ဖိုရမ်တွေမှာရေပန်းစားတာလား? water armyတွေကိုအသုံးပြုလို့ရတယ်။

ဒီလိုလူထုplatformတွေကတော့ ခိုင်မာတဲ့သက်သေကိုမပေးနိုင်ဘူး။ အကောင်းဆုံးယုံကြည်လို့ရတာက friend circleတွေဘဲ!လီမေ့လန်ကသူမရဲ့friend circleတွေဆီကနေscreemshotတစ်ခုကိုသူ့ဆီပို့လိုက်တယ်။

ဒါကငါ့ရဲ့အလုပ်ဖုန်းမဟုတ်ဘူး၊ ဒါကငါ့ရဲ့အခြားအကောင့်ဖြစ်ပြီး အပ်ထားတဲ့လူတွေကလည်းအမျိုးတွေနဲ့သူငယ်ချင်းတွေအကုန်လုံးဘဲ!"
လီမေ့လန်ကအသေးစိတ်သုံးသပ်ပြနေတယ်။

အိပ်ချင်စိတ်မပြေသေးတဲ့ရှန်ကျင်းထျန်က သူ့မျက်လုံးတွေကိုပွတ်နေမိတယ်။ screenshotထဲမှာပါတဲ့momentတွေအကုန်လုံးကDGLLရဲ့ဇာတ်ဝင်ခန်းတွေဖြစ်နေတယ်ဆိုတာမြင်လိုက်ရတယ်။ သူတို့ထဲကတစ်ဦးက သူ့အဝတ်တွေဆုတ်ဖြဲပစ်လိုက်တဲ့အခန်းကvideoကိုတင်ထားတယ်။

ကြည့်ရတာသူရဲကောင်းတွေအကုန်လုံးကတူညီတဲ့အရာကိုဘဲမြင်ကြပုံပေါ်တယ်။

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Onde histórias criam vida. Descubra agora