"ဘာဖြစ်လို့လဲ?" နန်ဟွိုင်လင်ရဲ့ နှလုံးခုန်သံတွေက ကမောက်ကမတွေဖြစ်ကုန်ပြီ။ သူ့ရဲ့ အဖြစ်က 5မီလီယံထီဆုကြီးပေါက်ခဲ့ပေမယ့်လည်း သူ့မှာ အမှားတစ်ခု ရှိနေနိုင်တယ်လို့ အပြောခံရသလိုပဲ။

"ကိုယ်မှတ်မိတာက ဒုတိယယောက်ျားလေးဇာတ်ကောင်နေရာကို ချန်ကျန်းထျန်းကို ပေးလိုက်ပြီလားလို့? မင်းက ဒုတိယယောက်ျားလေးဇာတ်ကောင်နေရာကို သရုပ်ဆောင်သင့်တယ်လို့ ဒါရိုက်တာလော့က ဘာကြောင့်မို့လို့ ပြောနိုင်ရတာလဲ? မင်း လူရွေးပွဲမှာ တတိယယောက်ျားလေးဇာတ်ကောင်နေရာကို ဝင်ပြိုင်ရတာ မဟုတ်ဘူးလား?"

နန်ဟွိုင်လင် ချန်ကျန်းထျန်းကို သိတယ်။ သူကလည်း မင်းရှီက သရုပ်ဆောင်တစ်ယောက်ပဲ။ ရှစ်ယန်ကျော်ကြားလာတဲ့ ဟာသအိုင်ဒေါဒရမ်မာဇာတ်ကားမှာပဲ ချန်ကျန်းထျန်းက တတိယယောက်ျားလေးဇာတ်ကောင်နေရာမှာ ဝင်ပြီး သရုပ်ဆောင်ခဲ့တာလေ။ ဒီဇာတ်ကားက ခေါင်းဆောင်မင်းသားနဲ့ အရံသရုပ်ဆောင်တွေကို လူသိများအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ရှစ်ယန်တစ်ယောက်ပဲ ပို ပိုပြီး အောင်မြင်ကျော်ကြားလာကာ ကျန်တဲ့အရံသရုပ်ဆောင်တွေက အရံလိုင်းကို သိပ်မလိုက်ချင်ကြတော့တဲ့အတွက် သူတို့ရဲ့ လူသိများမှုက တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့တာဖြစ်တယ်။

"ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ် ဒါရိုက်တာလော့ကို မေးကြည့်လိုက်ဦးမယ်။ ကိုယ် အခု ဖုန်းချလိုက်တော့မယ်နော်"

နန်ဟွိုင်လင် သူ့ရဲ့ နှုတ်ခမ်းက ထွက်ခါနီးဖြစ်နေတဲ့ စကားတွေကို ပြန်လည်မျိုချလိုက်တယ်။ အခုအချိန်မှာ သူ ခံစားရတာက အရာအားလုံးက ရှုပ်ထွေးနေတယ်။ သူ အခု ပျော်သင့်လား ဒါမှမဟုတ် စိုးရိမ်နေသင့်လား?

အခုလေးတင်မှ လော့ခဲ့တစ်ယောက်တည်းကပဲ သူ့ရဲ့စကားနဲ့ ပြောရုံပြောခဲ့ပြီး သူနဲ့တရားဝင်လက်မှတ်တောင် ထိုးခဲ့တာ မဟုတ်တော့ အရာအားလုံးက မှတ်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားနိုင်တာပဲ....ဆိုတော့ ဒါကို ဒီတိုင်းလေးပဲထားလိုက်တာ ပိုကောင်းပါတယ်လေ။

သူတွေးနေတဲ့ အချိန်မှာပဲ သူ့ရဲ့ဖုန်းက နောက်ထပ်တစ်ကြိမ်ထပ်မြည်လာတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now