ဂျယ်ယွန်း Dခန်းရတယ်ဆိုတာကလဲ ညံ့လို့မဟုတ်။ အဖေတစ်ခု သားတစ်ခုနဲ့ ရှင်သန်ရတဲ့ဘဝမှာ အဖေက ထမင်းဟင်းမချက်တတ်တဲ့အပြင် အလုပ်ကလဲများလေတော့ ဂျယ်ယွန်းက အိမ်အလုပ်တွေ သူတစ်ယောက်ထဲ သိမ်းကြုံးလုပ်နေရတာနဲ့ ကျောင်းစာကို သိပ်အချိန်မပေးနိုင်တော့။

နကိုထဲက ကျန်းမာရေးကလဲချုချာလေတော့ စာကိုတောင်ကောင်းကောင်းအာရုံမစိုက်နိုင်တော့ဘဲ ရေမကူးတတ်တဲ့သူ ရေနစ်သလို ယက်ကန်ယက်ကန်ဖြစ်နေတော့တာ။

ပြဿနာက အခန်းမတူတော့တာနဲ့ ပြီးသွားမယ်ထင်ပေမယ့် တကယ်တမ်း အဲထက်ကြီးတာတစ်ခု ထပ်ရောက်လာတယ်။ A B C ထိပ်ဆုံးသုံးခန်းကလူတွေက ဘင်ခရာအဖွဲ့ထဲမှာဝင်ရမှာဖြစ်ပြီး နေ့စဉ်လေ့ကျင့်မှုတွေ လုပ်ရတော့မှာ။ ကျောင်းကိုလဲစောလာရမယ်။ နောက်ကျတဲ့အထိလဲ ကျောင်းမှာနေရမယ်။ ဒါကလဲ ဒီတစ်ကျောင်းထဲတင်မဟုတ်။ အထက်တန်းကျောင်းတိုင်း ဘင်ခရာအဖွဲ့တွေဖွဲ့မှာမို့ တကျောင်းနဲ့တကျောင်းအပြိုင်အဆိုင်ဖြစ်လာမယ့်သဘော။

ပတ်ဆောင်းဟွန်းက ဒါကိုလုံးဝမလုပ်ချင်။ ဂျယ်ယွန်းနဲ့ တွေ့ချိန်တောင်ရှိတော့မှာမဟုတ်တဲ့နေ့စဉ်ဘဝနေထိုင်မှုမျိုးကို သူဘယ်လိုမှသည်းခံနိုင်မှာမဟုတ်။

ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကျောင်းအုပ်ကြီးဆီ စာတင်ဖို့ ရုံးခန်းကို သွားတယ်။ မဟာအမှားက ဒီကစတာပဲ။

အထက်တန်းဒုတိယနှစ် တန်းခွဲAက ဖြစ်ကြောင်း မိတ်ဆက်ပြီးတာနဲ့ ကျောင်းအုပ်က မျက်လုံးတွေဝင်းလက်သွားတယ်။

"ဒါဆို ဘင်ခရာအဖွဲ့ထဲ ပါမယ့်ကလေးပေါ့"

"ဟုတ်"

"အတော်ပဲ။ ဒီလောက်အရပ်ရှည်ပြီး ရုပ်ချောနေတာ ကျိုင်းကိုင်နေရာဝင်လျှောက်ပါလား"

[ကျိုင်းကိုင် - ဘင်ခရာအဖွဲ့တစ်ဖွဲ့မှာ ထိပ်ဆုံးကနေရတဲ့ခေါင်းဆောင်။ တုတ်ချောင်းကြီးကိုင်ပြီး လမ်းလျှောက်ရတဲ့သူ။ တစ်ဖွဲ့လုံးမှာ အရေးပါအရာရောက်ဆုံးသူ။ ဘယ်ကွေ့မယ်၊ ညာကွေ့မယ်၊ သီချင်းတီးမယ်၊ ရပ်မယ်။ အားလုံးက သူညွှန်တဲ့အတိုင်းလုပ်ရတာ။ များသောအားဖြင့် ကျောင်းရဲ့ရုပ်ချောဆုံး၊ အရပ်အရှည်ဆုံးဆိုတဲ့လူတွေပဲ ဒီနေရာကို ရလေ့ရှိတယ်]

Time Spent Walking Through Memories [PSH x SJY]Där berättelser lever. Upptäck nu