"မင်းကြောက်နေတာလားခါး"

ခါးကိုငဲ့ကြည့်ကာ
ဆိုတဲ့သူကိုခါးပြန်မော့ကြည့်
လိုက်ပြီး..

"ဒီလိုအချိန်နေမျိုးကြီးမှာ
မကြောက်တဲ့လူကသာ
လူထူးဆန်းကြီး"

သူစကားကြောင့်ရာဇာ
ဟက်ဟက်ပက်ပင်ရယ်လိုက်တော့
အလန့်တကြားနှင့်သူမလက်သေးသေး
လေးတွေက ရာဇာပါစပ်ကို
လာပိတ်သည်။

"ရှင်ဘာဖြစ်လို့အသဲပြဲကြီးနဲ့အော်နေရတာလဲ"

"မင်းကရယ်စရာတွေပြောနေတာကို
အဟွန့်..ဟွန့်.."

ရာဇာထံမျက်စောင်းလေးကထပ်မံ
ရောက်ရှိလာတာမို့ရယ်နေတာကို
အရှိန်ထိန်းပြီး..

"ok..okကိုယ်မရယ်တော့ဘူး.."

ထိုင်နေရာမှထကာ
ကျောက်းတုံးကခေါင်းထွက်ကြည့်နေတဲ့
သူမလေးကိုရာဇာနောက်မှငေးရင်း

"မင်းကသိပ်ကြောက်တတ်တာပဲ
ဒီနွေခါး"

ဆက်ခနဲလှည့်လာတဲ့
မျက်ဝန်းလေးနဲ့အတူ..

"ကြောက်တာပေါ့..ရှင်ကရော
ခါးလိုကြောက်တာပဲလေ..မဟုတ်ရင်
ဒီကျောက်တုံးနောက်ရောက်နေစရာ
လိုလို့လား"

"ဒါကကြောက်လိုမဟုတ်ပါဘူး
အန္ဓာရယ်ကိုကာကွယ်တာ..
ကဲပါကွာလာထိုင်နေစမ်းပါ"

"အမေ့!"

လက်မောင်ကိုလှမ်းဆွဲလိုက်တဲ့
သူကြေင့်ခါး​ခြေလှမ်းလေးပျက်သွားကာ
သူဘက်ယိုင်နဲ့သွားပြီးခြေကခေါက်သွား
ရသည်။

သူမလဲကျမည်ဆိုး၍
ထိန်းပေးလိုက်တဲ့ရာဇာရင်ခွင်
ထဲတန်းနေအောင်ဝင်လာတဲ့
ခန္ဓာကိုယ်အိအိလေး...

" ဟင်"

မျက်နှာချင်းနီကပ်နေတာမို့
သူမ မျက်တောင်ရှည်လေးများကိုပင်
ရာဇာရေတွက်ကြည့်လိုရနေသည်။
ကြောက်စိတ်ကြောင့်လှုက်ရွနေတဲ့
နှုပ်ခမ်းပါးလေးကိုရာဇာငေးစိုက်ကြည့်
နေပြီး ထိုနှုပ်ခမ်းလေးတွေထံသံလိုက်
အိမ်မြောင်ဆွဲငင်နေရာဇာ
နှုပ်ခမ်းများတရွေ့ရွေ့တိုးကပ်သွားတော့..


" ရှင်..ကိုရာဇာမင်းမြတ်"


ရှူး..

သူင်ဘက်ကိုလက်သီးဆုပ်လေးနဲ့
တွန်းခံပြီးမျက်နှာလွဲနေတဲ့သူမလေးကို
အသံတိတ်ခိုင်းလိုက်ကာ..

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now