Part 10 ( U & Z )

Start from the beginning
                                    

ပါးပါးပြောရင်း ကျနော့်ကို မျက်ခုံးပင့်ပြတော့ ကျနော်လည်း...

"ဟာ...ပါးပါးနော်"

"ဟေ..ပါးပါးဘာပြောလို့လဲ"

"ပါးပါးနော် ကျနော်သိတယ်နော်"

အန်ကယ်နဲ့ပြောနေရင်း စိတ်စိုးသွားသော
ကြွေရုပ်ကိုကြည့်ရင်း ခေါင်းသာခါမိတော့
သည်။

"အန်ကယ် ကျနော် နေ့လည်ကျရင် ကြွေရုပ်ကိုလာတောင်းမှာမလို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်
ရအောင် အခုပြန်တော့မယ်"

"ချက်ချင်းကြီးလား..နောက်မှလာတောင်းလဲရပါ
တယ် အန်ကယ့်သားကို ဘယ်သူနဲ့မှ မပေးစားပါဘူး"

"ပါးပါး..!"

"ကျွန်တော့်ဘက် က ဘယ်လိုမှမရတော့လို့ပါ စိတ်လဲမချတော့လို့ပါ၊ ပြီးတော့ အခုမှမရ ရင်
ကျွန်တော်သေမှာ..အန်ကယ်ရဲ့"

သားကောင်လေးရဲ့ ပြောစကားကြောင့်
ကျုပ်မှာရီရခက် ငိုရခက်ပါ။ သားကလည်း ရှက်ကိုးရှက်ကန်း နဲ့ ဆိုဖာပေါ်က ခေါင်းအုံးကို လက်နဲ့
ထုလိုက်၊ ဆုပ်လိုက် နဲ့ ခေါင်းအုံးကြီး ပေါက်ထွက်
သွားမှာကို မြင်ယောင်သေးတယ်။

​"ကိုစိုင်းနော် အရမ်းအကဲပိုတာပဲ နောက်နေ့မှ လာတောင်းလဲရတာပဲ"လို့ နားနားကပ်ပြီး ရှက်ကိုးရှက်ကန်းလေသံတိုးတိုးလေးနဲ့လာပြောတဲ့ ကြွေရုပ်
ကို ကြည့်ပြီး...
"ကိုယ့်စိတ်မထိန်းနိုင်လို့ပါ"ဆိုပြီး ပြန်ပြော
လိုက်တယ်။

ကိုစိုင်းတစ်ယောက်နော် တကယ်မလွယ်ဘူး။အခု
အိမ်ပြန်မယ်ပြောပြီး ကျနော့်ကိုမခွဲနိုင်လို့မပြန်ဘူး လုပ်နေပြန်ပြီ။ အတင်းပြန်လွှတ်ရတယ်။ အိမ်ပြန်
ခိုင်းတော့ ဘာပြောတယ်ထင်လဲ
"ကြွေရုပ်က ကိုယ့်ကိုမချစ်ဘူးတဲ့"ပြောပြီး
မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ အိမ်ပြန် သွားတယ်။ဒီနေ့ကျမှ သူတော်တော်ဖြစ်နေတာ။

ကိုစိုင်းပြန်သွားတုန်း အခန်းထဲသွားပြီး
နေ့လည်ကျရင် ဝတ်ဖို့ အကျီသွားရွေးရမယ်။

"ဟဲ့.ဟဲ့..ချော်လဲမယ် အို..ဒီကလေးနဲ့တော့"

ဒီနေ့လာတောင်းမယ်ဆိုတော့ အပျော်လွန်းပြီး အပေါ်ထပ်ကို မြန်မြန်ပြေးတက်သွားတော့
ဒေါ်ကျင်တစ်ယောက် စိတ်ပူ၍ လှမ်းသတိပေးနေရတယ်။ ဒီကလေးနဲ့တော့ တယ်ခက်ပါလား။
ငါလည်းဝတ်ဖို့အကျီသွားရွေးရအုန်းမယ်။
ဟိုတစ်ခါသားလေးကြွေရုပ်ဝယ်ပေးထားတဲ့ အဝါရောင်ပိတ်ဖောက်ဇာနဲ့ ပိတောက်ခြောက်
ရောင် ပါတိတ် ထမီလေးပဲဝတ်တော့မယ်။ တစ်ခါမှ အဲ့အကျီကိုမဝတ်ရသေးဘူး အခုမှပဲ ဝတ်ဖြစ်တော့တယ်။

'ဝဲ'Where stories live. Discover now