“ အဲ့ဒါ မင်းကြောင့် .. ”“ အီးတစ်နေလို့ပါဆို .. ငါ့ပဲ စောက်ပြစ်လာပြောနေ ရှစ်ထ် .. ”
“ တော်ကြတော့ကွာ .. မတ်တပ်မျိုရတဲ့အထဲ ရွံစရာတွေနဲ့ နားမညည်းကြစမ်းနဲ့ .. ”
ကျိုးချန်ရဲ့ မကျေမချမ်း အပြစ်ဖို့ခြင်းမှာ ရှောင်းကျန့်ရဲ့ ပြန်ပက်သံကလည်း စီခနဲ .. ။ ယွီပင်းကတော့ အသားညှပ်ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက် .. သူတို့ထိန်းပေးသလိုလိုနဲ့ အနားကဖြတ်သွားဖြတ်လာ စီနီယာကျဲတွေကို အသာငမ်းလိုက်နဲ့ .. ။
ကျိုးချန်က သူ့ကို ဂြိုလ်ပေးသလိုကြည့်ပြီး ဟွန်းခနဲ နှာမှုတ်တယ် .. ။ သူကလည်း မျက်မှန်ပင့်တင်ရင်း လက်ခလယ်ပြန်ထောင်ပြလိုက်တာပဲ .. ။
ချီးမို့ လာပြီးစိတ်ကောက်ပြနေတာလား .. ။
ကျောင်းကန်တင်းမှာ သူခုံဦးပေးဖို့ အလှည့်ကျတဲ့နေ့မှ ဝမ်းက လာချုပ်တာကို .. သူ့အပြစ်မှမဟုတ် .. ။ ပြီးတော့ တမင်လုပ်တာလည်းမဟုတ် .. ။“ ငါ့ကို ငါးအသားပြားပေး .. ”
“ ပေးစရာလား .. ငါ့ကို နှာမှုတ်တဲ့ကောင်ကြီးကို .. ”
“ မင်း ကြိုက်တာလည်း မဟုတ်ဘဲနဲ့ .. ”
“ မကြိုက်လည်း စားတယ် .. ”
“ အကျင့်ဆိုးကောင် ..
ဘဝဆက်တိုင်း ချိန်ပါဖြစ်ပါစေစမ်း .. ”“ ဖွီ .. ပါးစပ်ပုပ်ကြီးနဲ့ .. ရော့ ဒီမှာ ငါးအသားပြားရော ငါးအူချောင်းရော .. မင်းကျိန်တာ မင်းပြန်ယူ .. ”
“ ဒီလိုမှပေါ့ .. ”
ရှောင်းကျန့်ရဲ့အားနည်းချက်က အဲ့ဒီ့ချိန်ပါဆိုတဲ့ နာမည်ဆိုးကြီးပဲ .. ။
ချိန်ပါဖြစ်ရတာမုန်းသလို ချိန်ပါဆိုတဲ့ နာမည်ဆိုးကြီးကိုလည်း ရှယ်မုန်းတာမို့ တစ်ခုခုဆို အဲ့ဒါနဲ့သာ ကိုင်ပေါက်လိုက် .. ။ တန်းအလျှော့ပေးမိတော့တာပဲ .. ။ ဒါကြောင့်လည်း .. အထာနပ်နေတဲ့ ကျိုးချန်အစုတ်ပလုတ်က သူ့ကို အနိုင်ကျင့်နေနိုင်တာလေ .. ။
“ ဟျောင့်ရ .. ငါ ကျိုးချန်ကို ပေးတာကွ .. ”
“ ဒါတော့ မသိဘူးရော် .. ငါ့မျက်စိရှေ့ အရင်ရောက်လာလို့ ယူစားလိုက်မိရုံပဲ .. ”
YOU ARE READING
TENDERNESS
Fanfictionအစတုန်းကတော့ ဝမ်ရိပေါ်က ရှောင်းကျန့် ချိန်လိုက်တဲ့သူမှန်သမျှ သူကချည်းဦးအောင် မ,သွားတာပဲ .. ။ နောက်တော့ ရှောင်းကျန့်ကိုပါ မ,သွားတယ် .. ။