ကိုယ့်နားကိုယ်မယုံနိုင်တာမလို့မေးလိုက်ရသည်။ထိုအခါ ထပ်ခေါ်ဖို့ ပါးစပ် တပြင်ပြင်ဖြစ်နေပြီးမှ မခေါ်တော့ပဲ ကား Dashboardပေါ်က ရှုဘူး ကြီးကိုလှမ်းယူကာ သူ့နှာခေါင်းမှာ စွတ်လာသည်။

"ရှုမယ် ရှိုက်မယ် ထုတ်မယ်"

"မဟုတ်ဘူး ခုနက ခေါ်တာဘာလဲပြော"

ရှုဆေးတွေအတင်းရှုခိုင်းနေတဲ့လက်ကိုဆုတ်ကိုင်ကာမေးလိုက်တော့ သူ့ကို‌စိတ်ပူသလိုလာကြည့်သည်။

"‌မခေါ်ဘူး မင်းထပ်မူးလဲရင်ဘယ်လိုလုပ်မလဲ"

"ဟာ ထမင်းလုံးလေးကလဲ"

"မ ခေါ် ဘူး"

"ဒါဆိုလဲ လီဂျွန်ဝမ်းနဲ့-"

"မောင်!!!!"

တမင်ပင်အရွဲ့တိုက်ကာပြောလိုက်တော့ ဆူအောင့်အောင့်ကြီးခေါ်လာကာ ဟိုဘက်လှည့်သွားသည်။

ကြားချင်တာကြားလိုက်ရတော့သူရုပ်က စပ်ဖြဲဖြဲ...ပြတင်းပေါက်ဘက်မျက်နှာပေးထားတာမလို့ သူ့ဘက်လှည့်ကြည့်စေတော့ မျက်ရည်တွေက အသိုင်းသား....။

"ငိုနေတယ်!!မောင့် ထမင်းလုံးလေး ငိုနေတယ်??"

"မောင် မကောင်းဘူး!!ငါ အဲ့ကောင်ကို အမြင်ကတ်တာ သိတာနဲ့ မင်း က သူနဲ့ အလုပ်တူတူတွဲလုပ်ဦးမယ်ပေါ့!!ငါ့ကို တကယ် မချစ်ဘူးမလား!!ဟမ် ပြီး ပြီးတော့ အဲ့ကောင်အသံ ဖုန်းထဲမှာ ကြားတော့ ငါ ဘယ်လောက် ပူထူသွားလဲသိလား!! မင်း ကိုလွမ်းလို့ ယောင်းယောင်းကို တမင်း‌ဗန်းပြပြီး ဖုန်းဆက်တာကို မောင်က မောင်က..."

ရှိုက်သံတွေပါ တစ်စတစ်စ ကပ်ပါလာတာမို့သူ စမိတာတောင် နောင်တရသွားရသည်။

‌ထမင်းလုံးလေးရဲ့ခေါင်းကိုဆွဲဖက်ကာ ဖွဖွလေးပုတ်ပေးလိုက်တော့ သူ့ပုခုံးမှာပိုငိုတော့သည်။

"မောင်မှားပါတယ်ကွာ! မောင်‌ တောင်းပန်တယ်နော် မောင် အခုချက်ချင်းပဲ သူနဲ့လုပ်ထားတဲ့ စာချုပ်ကိုဖျက်လိုက်မယ် ဟုတ်ပြီလား..မောင်က ထယ်ယောင်းကိုပဲ ချစ်တာ"

မျက်နှာချင်းဆိုင်ကာယုံကြည်အောင်ပြောနေပေမဲ့ ထယ်ယောင်းက သူ့ကိုကျော်က ခပ်လှမ်းလှမ်းကို ငေးကြည့်နေတာမလို့ သူပါလှည့်ကြည့်တော့ ဓာတ်ဆီဆိုင်နဲ့ convenience store ဖြစ်နေသည်။

10 months before divorceWhere stories live. Discover now