" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 6 )

114 9 2
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

        အခန်း ( ၆ )

  " အစ်ကို ဒါဘာလုပ်တာလဲ "

" ဘာလဲကောင်းရ "

" ဘာမသိသလို လုပ်နေတာလဲ အစ်ကိုက လူကြီးတွေစီစဥ်ထားတာ လက်ခံတယ်ဆို "

" ဘယ်သူပြောတာလဲကောင်းကို "

" ကောင်းအကုန်သိပြီးသွားပြီးဗျ "

" ကောင်း အစ်ကိုပြောပြမယ် "

" တော်ပါတော့ ဘာမှမပြောနဲ့တော့ အစ်ကိုရာ အစ်ကိုဘာလို့လက်ခံရတာလဲ ပြီးတော့ သူက...သူက သုံးပန်လှဆို ဟုတ်လား "

" ကောင်း... "

       ဝန်းရံခဘာမှဆက်မပြောနိုင်ပေ။ ကောင်းလို့သာ တစ်ခွန်းတည်း သူခေါ်နေမိသည်။ သူရဲ့ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကောင်းမသိနိုင်ပေမဲ့ ကောင်းရဲ့ရင်ထဲဘာတွေဖြစ်နေလဲဆိုတာတော့ သူသိပါသည်။

" သူက ဖေဖေ့ မိန်းမရဲ့သမီးဆို "

" လူကြီးတွေစီစဥ်တာပါ "

" ကိုလက်ခံတာဘဲ မဟုတ်လား "
 
" ကောင်းရာ ဘာတွေဖြစ်နေတာလဲ "

  " ဘာတွေဖြစ်နေတာလဲ ဟုတ်လား ကို ကောင်းက ဘာလဲ ကိုယ့်အတွက်အရေးမပါတော့ဘူးလား ကောင်းကို ကိုယ်က ဘာမှမပြောတော့ဘဲ နေနိုင်တယ်ပေါ့ ကောင်းကို ကိုက ဘာမှမသတ်မှတ်ထားဘူးပေါ့ ကောင်းက...  ကောင်းက "

" ဟာ... ဒုတ်... "

     ကောင်းတစ်ယောက် ဘေးကအုတ်နံရံကို လက်သီးနဲ့ထိုးချလိုက်လေတော့သည်။

  " ကောင်း ဘာလုပ်တာလဲကွ ဒါက "

  " ထိုးလိုက်တာလေ ဘာဖြစ်လို့လဲ " 

       ပြော​နေရင်းနဲ့ နောက်ထပ်တစ်ချက် လက်သီးနဲ့ ထိုးပြန်လေတော့သည်။

" ကောင်း တော်ပါတော့.... ကွာ ကိုယ်တောင်းပန်ပါတယ် "

" ကို့ကိုလေ ကျွန်တော်ကသာ နေရာတစ်ခုနဲ့ သတ်မှတ်ထားတာ ကျွန်တော့်ကို ကိုကတော့... "

" ပိုမုန်းတာက ကိုလက်ခံတဲ့လူက ကောင်းမုန်းတဲ့မိန်းမရဲ့သမီးဖြစ်နေတာဘဲ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now