"ရိုး..ရိုးကရော ဘာပြောလို့လဲ
အဲ့လို...ပဲ..ထင်တာကို"
"တကယ်အဲ့လိုထင်တာလား"
"တ..တကယ်.."
"အဲ့လိုဆိုတော့ တို့ဝမ်းနည်းသွားပြီ"
"ဟင်...ဘာလို့လဲ"
"တို့ပြောလိုက်တဲ့စကားကို
တစ်မျိုးထင်စေချင်မိတာ
သိရဲ့လား"
"ဟာ...အန်တီနော်...
ဘုရားပေါ်မှာဆိုတာသိရဲ့လား
ငရဲတွေကြီးမယ်"
"စတာပါ...
ဒါနဲ့...မင်းလေးက
ငရဲအကြောင်းတွေပြောတော့
မေးကြည့်ပါအုံးမယ်
ငရဲကိုမြင်ဖူးလို့လား"
"မမြင်ဖူးပါဘူး
ဒါမယ့်...ရိုးက
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
ငရဲဆိုတာရှိတယ်လို့
ယုံကြည်တယ်လေ"
"အဲ့ဆို ငရဲက
ဘယ်လိုမျိုးလဲ"
"ဟာ...အန်တီကလည်း
ဒါလေးတောင်မသိဘူးလား
KGကလေးတွေတောင်
ငရဲဆိုတာ ဘယ်လိုမျိုးလဲသိတယ်
ပွက်ပွက်ဆူနေတဲ့ရေအိုးထဲ
လူတွေကိုပစ်ချတာလေ"
"တို့အတွက်
ငရဲဆိုတာ အဲ့လိုသဘောမျိုးမဟုတ်ဘူး
သိလား"
"ဟင်...ဘယ်လိုမျိုးလဲ
အန်တီ့အတွက်က"
ရိုး ဒီလိုမေးလိုက်တော့ ရိုးဘေးနားလေးထိုင်ပြီး
အရှေ့ကိုမျက်နှာမူနေသည့် အန်တီက ရိုးဖက်သို့
လှည့်လာသည်။ပြီးတော့ မျက်နှာလေးတည်ပြီး
ရိုးကိုပြောလာသည်။
"ရိုး တစ်ခြားကောင်မလေးတစ်ယောက်နဲ့
စကားပြောနေတိုင်း
တို့ကြုံရတဲ့
အရာမျိုး ဆိုပါတော့"
"ဟာ...အန်တီကလည်း"
နေ့တိုင်းရိုးနဲ့စကားနိုင်လုနေသော အန်တီ့ဆီက ဒီလို စကားမျိုးကို ကြားရလိမ့်မယ်လို့ တကယ်မထင်ထားပါ။ အန်တီက ဒီလိုစကားတတ်လိမ့်မယ်လို့လည်း ရိုးမထင်မိ။ ဘာပဲပြောပြော အန်တီ့စကားတွေကြောင့် ရိုးမျက်နှာတစ်ခုလုံး ရဲတွတ်သွားရသည်။အန်တီက အနည်းငယ်ပြောင်းလဲလာသည်ဟု ရိုးထင်မိသည်။ ဟိုနေ့က ရိုးနဲ့ ဒီဒီ့ကို
တွဲမြင်လိုက်ပြီးကတည်းက ရိုးအပေါ်ဆက်ဆံသည့် အန်တီ့ပုံစံတွေ ပြောင်းလဲနေသည်။ အရင်ကထက် ပိုပြီး ရင်းနှီးလာသလိုလည်း ခံစားရသည်။ပြီးတော့ အမြဲပဲ ရိုးကို အရိပ်တကြည့်ကြည့် ကြည့်နေသလိုလည်း ထင်ရသည်။
ВЫ ЧИТАЕТЕ
ဇနီးမယား(on going)
Part 7(Unicode)
Начните с самого начала