အခန်း(၃)/အခန္း(၃)

Magsimula sa umpisa
                                    

"မ​တော်လို့ တမင်ဖြစ်သွားတာပါ မမရယ်"

"အစကပြန်လုပ် သွား​တော့ ငါ့​ခေါင်းဆင်နင်း​တော့မှာပဲ ည​နေ အစည်းအ​ဝေးရှိပါတယ်ဆို"

မန်​နေဂျာ မမကြီးမျက်နှာက ရှုံ့မဲ့လို့
သစ်သစ် လက်ချက်နဲ့ ဘဝတစ်ပိုင်းပျက်သွား​သော ဖိတ်စာ​တွေကို နှ​မြောတသကြည့်လို့...

"ဆင်​တော့မနင်းပါဘူး နင်းချင်းနင်း သူ​ဌေးပဲနင်းမှာ..."

"​နွေကသစ်!!!"

အစသန်တဲ့ သစ်သစ် လည်း ကိုယ်​လေးကျုံ့လို့ စက္ကူ​လေး​တွေ ​ကောက်ရင်း ပုံနှိပ်ဌာနပြန်သွားရသည်။

ရုံးက အကုန်လုံးနီးပါး ကိုယ့်ဘာသာလုပ်ကြတာများသည်။ကုန်ပစ္စည်းကြော်ညာတာကအစ ကိုယ့်ဟာကိုယ်ပုံနှိပ်ကြသည်။

"​နွေကသစ်​ရေ လက်ဖက်ရည် သွားဝယ်​ပေးစမ်းပါ မမချယ်က မနက်ဆို လက်ဖက်ရည်နဲ့ အီကြာ​ကွေးနဲ့မှ"

"ကြိုက်တတ်ရင်​ဆောင်ထား​လေ..."

"ဘာ!!!"

စိတ်ထဲက​ပြော​နေတာ အပြင်ကိုထွက်သွားပြီး​နောက် သစ်သစ်တို့ ဂျာကြီးအဆူခံလိုက်ရသည်။

ဂျာကြီးက အလုပ်တွင်း သာခိုင်းတတ်တာ...
ပဲပိစပ်မ​တွေက မဆိုင်တာ​တွေပါ လူကိုပြာတာလုပ်ခိုင်း​နေတာ...

ဪ ပဲပိစပ်ဆိုတာ ပဲ​တွေ ပိပြီး ငရုတ်သီးလို နီရဲစပ်ရှား​နေ​အောင် အလှ​တွေပြင်ထားလို့ ပဲပိစပ်လို့​​ခေါ်တာ...

သစ်သစ်က မိတ်ကပ်လိမ်းလွန်းတဲ့ မိန်းက​လေးဆိုမကြိုက်။ သို့​သော်လည်းရုံးကို သနပ်ခါးလူးလာတဲ့သူက ခပ်ရှားရှားရယ်...
ရှားဆို ရှိမှမရှိတာ...
သန့်ရှင်း​ရေးအ​ဒေါ်ကြီး​တောင် ​ဘောင်းဘီနဲ့​ဟော့​ရှော့...

သစ်သစ်တို့ ရန်ပွဲ​လေး ပြီးခါစ သစ်သစ် အဆွဲခံရတဲ့ ဆံပင်​လေး ​ကေပြန်သ​နေတုန်း သူ​ဌေး​ခေါ်တယ်ဟု လာ​ပြော​သော စက္ကထရီ​ကြောင့်အလန့်လွန်သွားသည်။ ဖုန်းနဲ့ မ​ခေါ်ဘဲ လူလွှတ်​ခေါ်ခိုင်းတည်းက တစ်ခုခု များလားဆိုပြီး လူက ပြုတ်​စော်နံချင်​နေပြီ။

သူ့ကိုရန်ဖြစ်ဖက်မချယ်ရီက​တော့ ​ကော့​ကော့ ​ကော့​ကော့နဲ့ စကတ်တိုတို ​ဒေါက်ဖိနပ်သံတဂွပ်ဂွပ်နဲ့ ဓါတ်​လှေကားထဲဦးဆုံးဝင်သွားသည်။

သစ်သစ်က​ယောကျာ်း​ကြောက်ရတယ်(Completed)Tahanan ng mga kuwento. Tumuklas ngayon