" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 4 )

147 12 4
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား"

      အခန်း ( ၄ )

   " ဒုတ်... "

" ဆော်ရီးအစ်ကို "

      ကျောင်းသားလေးတစ်ယောက်က အရေးကြီးသုတ်ပြာနဲ့ ပြေးလွှားရင်း သူ့အားဝင်တိုက်မိလေတော့သည်။ တကယ်ကိုအလျှင်လိုနေတဲ့ပုံလေးမို့ သူလည်း ဘာမှပြန်မပြောတော့ဘဲ ခေါင်းလေးဘဲ အသာလေးငြိမ့်ပြလိုက်လေတော့သည်။ တောင်းပန်ပါတယ်ဆိုတဲ့ စကားလုံးလေးကိုတော့ ယဥ်ကျေးမှုရှိသူပီပီ ပြောသွားပါသေးသည်။ ပြေးသွားသောကျောင်းသားလေးကိုကြည့်ရင်း ဝန်းရံခတစ်ယောက် ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်နေလေတော့သည်။

" ဘာတွေတစ်ငြိမ့်ငြိမ့်လုပ်နေတာလဲ "

" ခုနက ကျောင်းသားကိုမဟုတ်လား "

" ဘာလဲ သဘောကျသွားတာလား "

     တရစပ်မေးခွန်းတွေကို တန်းစီပြီး မေးလာသူကတော့ ကောင်းညှို့မာန်ပါ။

" မဟုတ်ပါဘူးကွာ တစ်ခုသဘောကျတာတော့ရှိတယ် "

" ဘာကိုလဲ "

" တောင်းပန်တက်တဲ့စိတ်ထား "

" ကဲအတန်းဝင်တော့မယ် ခင်ဗျားကြီးလည်း ဆက်ပြီးဖီးလ်နေသိလား "

      ပြောချင်ရာပြောပြီး ထွက်သွားသော ကောင်းကိုကြည့်ပြီး ဝန်းရံခတစ်ယောက် ပြုံးမိသေးသည်။ အတန်းချိန်လည်း မရှိတော့တာမို့ ဖြည်းဖြည်းချင်းလမ်းလေးလျှောက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လေတော့သည်။ စိတ်ထဲမှာလည်း ပန်းခြံသို့ သွားချင်လာသော ဆန္ဒကပေါ်လာပြန်သည်။ ဘာမှမစဥ်းစားတော့ဘဲ ကားတားစီး၍ ပန်းခြံဘက်သို့ သူထွက်လာခဲ့လေတော့သည်။

     ကျောင်းဖွင့်ရက်ဆိုတော့ လူတွေကသိပ်တော့များများစားစားမရှိသေးပေ အခုလိုလူနည်းတာကိုလည်း ဝန်းရံခက သဘောကျပေသည်။ လူများရင် အလိုလို ဒေါသဖြစ်နေတက်သောသူသည် အခုလိုမျိုး အေးဆေးတဲ့နေရာလေးကို ရွေးချယ်ပြီးလာတက်ပြီး လူရှုပ်တဲ့နေရာကိုတော့ ရှောင်ရှားတက်လေတော့သည်။ သူလည်း ပန်းခြံထဲသို့ရောက်တော့ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ လူလေးတော့ရှိပါသည်။ သူလည်း လျှောက်သွားနေရင်းနဲ့ တစ်နေရာအရောက်တော့ ကောင်မလေးနှစ်ယောက် အလှဓာတ်ပုံလေးတွေရိုက်​နေကြလေတော့သည်။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now