ကျန်းရှု က အချိန်အကြာကြီး ဒေါသထွက် ပြီးနောက် သူက ဖုန်းကို ထပ်ကိုင်လိုက်တယ်။

{ ရှုနာနတ်သီး ခများပြန်လာရင် ကျွန်တော်နဲ့ တွေ့ပြီပဲ။ ခများကများ ကျွန်တော့်ကို တကယ်ကြီး မီးနေသည် စာကျွေးရဲတယ်ပေါ့လေ။ }

ရှုပေါ်စု: { မင်းအဲ့တာကို တွေ့သွားပြီ လား? ဒါက ဘာမှ မဟုတ်ဘူး လေကွာ။ မင်းအတွက် အရသာရှိနေသမျှ အာဟာရ ရှိနေသမျှ အဆင်ပြေပါတယ်ကွာ }

ကျန်းရှု: { ဒါဆို ခများ အတွက် ကျွန်တော် က ညစာကို အဲ့တာမှာကျွေးပေးမယ်လေ }

ရှုပေါ်စု: { ကိုယ်က ချက်စားနိုင်တယ်။ ကိုယ်က မှာစားတာလိုမျိုး ပိုက်ဆံသုံးဖို့ မလိုအပ်ဘူး။ }

ကျန်းရှုဆီကနေ ပြန်စာ မရခဲ့လေဘူး။ ဒါပေမယ့် ရှုပေါ်စု က ဖုန်း လေးကို တစ်ချက် တစ်ချက် ကြည့်နေဆဲပါပဲ။

နေ့လည်ခင်း အချိန် ဓာတ်ခွဲခန်း အတွင်းတွင် ဖြစ်သည်။

အလုပ်ပြီးတာနဲ့ ချက်ချင်း  ပဲ ပရောဖက်ဆာလီ က ရှုပေါ်စု နားကို ကပ်လာကာ ပြောလိုက် တယ်။

" ပေါ်စုရေ ငါတို့ ညစာ စားကြရအောင်လေ။ ဘယ်အချိန်သွားကြမလဲ? "

ရှုပေါ်စုက ရပ်ကာ သူ့မျက်နှာက မက်စ်ကို ချွတ်လိုက် တယ်။

" ပရော်ဖက်ဆာလီ ရေ ။ကျွန်တော် က မိသားစု ရှိတဲ့ လူဗျ။ ဒါ့ကြောင့် ဒီလို လှုပ်ရှား မှုတွေကို တော့လိုက်မလုပ်နိုင်ပါဘူး ခမျာ''

ကျန်းရှုက အမိန့်မပေးထားပေမယ့် ခင်ပွန်းသည် တစ်ယောက် အနေနဲ့ သူက အရာအားလုံး ကို ဂရုစိုက်ထားရမယ်လေ။

" ဆိုးလိုက်တဲ့ ကလေး ။ မင်းဘယ်လိုပြောနေတာ လဲကွ ဟမ်? "

ပရော်ဖက်ဆာလီ က သူ့ကို စိတ်တိုစွာ ပြောလိုက်တယ်။

" ငါတို့တွေက ရိုးရိုး သားသား ညစာစားကြမှာကွ။ အိုကေ?  ငါ့မှာလည်း မိသားစု ရှိတယ် ။ ပြီးတော့ တစ်ခြား သုတေသီတွေ ဆီမှာလည်း မိသားစု ရှိပါတယ် ကွာ။ မသိရင် မင်းတစ်ယောက် ပဲ မိန်းမရှိတယ်လို့ ထင်နေကြအုံးမယ် ''

ဟွန့်!

" ဟားဟား ''

လောင်လီက ဒေါသ ထွက်သွားတာကို တွေ့တော့ ရှုပေါ်စုက စကားဆက်ပြောတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)حيث تعيش القصص. اكتشف الآن