" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 3 )

144 12 5
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

        အခန်း ( ၃ )

      ကြယ်ကလေးနှစ်ပွင့်ကြားမှာ ပန်းကလေး တစ်ပွင့်ကိုကြားခံပြီး ခက်ထားသော ဆွဲကြိုးလေးက လက်ရာမြောက်လွန်းလှသည်။ မွေးနေ့ရှင်မောင်နှမတွေက ဘယ်လိုစိတ်ကူးနဲ့ ဒီဇိုင်းပညာရှင်ကို အပ်ပြီးခတ်ထားမှန်းမသိပေမဲ့ အတော်လေးကိုတော့ ကြည့်ကောင်းပြီး အသက်ဝင်ကာ အဓိပ္ပါယ်လေးတစ်မျိုးလည်းဆောင်နေပြန်သည်။ ထိုကြိုးလေးကိုကြည့်ပြီး အမျိုးမျိုးတွေးနေသူက ဝန်းရံခပါ။ ဟုတ်ပါသည် ကောင်းညှို့မာန်ရဲ့ ခေါ်ဆောင်မှုနှင့် မိုးညနွေ၊ ရော်ရွက်ဝါတို့ရဲ့ မွေးနေ့ပွဲကို သူသွားခဲ့တာပါ။ ဟိုရောက်တော့ လက်ဆောင်ပစ္စည်းဖောက်တော့ သူကဒီဆွဲကြိုးလေးကို ကံထူးခဲ့သည်။ ပိုထူးဆန်းတာက ဒီဆွဲကြိုးလေးပေါက်သူက သုံးယောက်ပါ အဲ့ထက်ကံကြမ္မာက ဘာကြောင့်များ ကောင်းရော ကောင်မလေးတစ်ယောက်ဖြစ်တဲ့ သုံးပန်လှကရော ဘာလို့များ အတူတူပေါက်ကြတာလဲ။
   
      အတွေးလေးတွေသိမ်းပြီး အပြင်ထွက်ဖို့ သူပြင်ခဲ့လေတော့သည်။ ထိုစဥ် ဖုန်းလေးက အသံထမြည်လာလေတော့သည်။ ထုံးစံအတိုင်း ကောင်းဆီကပါပဲ။

" ပြောလေ ကောင်း "

  " အအေးဆိုင်ကနေ စောင့်နေမယ် "

" ဟာ လုပ်ပြန်ပြီးကွာ "

" ဘာလဲ ခင်ဗျားကြီးက မလာဘူးလား လာမှာလား "

" လာရမှာပေါ့ ပြောဘယ်ဆိုင်"

" friendship ''

" အိုကေ "

       အဝတ်အစားအမြန်ကောက်လဲဝတ်ပြီး ကောင်းပြောသောနေရာသို့ သူထွက်လာခဲ့သည်။ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးဘဲ ရွေးချယ်ဝတ်လာတာမို့ အတော်လေးတော့ကြည့်ကောင်းပါသေးသည်။ တိုက်ဆိုင်မှုကလည်း တော်တော်လေးကို ကြုံရပါသည်။ ဟုတ်ပါသည် ဝန်းရံခကလည်း ဆိုင်အနားအရောက် သုံးပန်လှနဲ့ Ame ဆိုသော ကောင်မလေးနှစ်ယောက်ကလည်း ထိုဆိုင်သို့ ရောက်လာလေတော့သည်။

" ဟင် တွေ့ပြန်ပြီးနော် " Ame ကပြောလေတော့သည်။ ဝန်းရံခကတော့ ထုံးစံအတိုင်း ထွေထွေထူးထူးမပြောနေဘဲ အင်း ဟုသာခေါင်းငြိမ့်ပြရင်း ဆိုင်ထဲသို့ ဝင်လေတော့သည်။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now