ချန်ရွှမ်း မျက်နှာထိမျက်နှာထားကအစ ပြောင်းသွားပြီး အသံကလည်းချက်ချင်း မာန်ပါလာသည်။ သူဒါကိုဆက်ပြီး မထိန်းချုပ်ချင်တော့ပါ။ ပြီးတော့ သူရိပေါ်ကို အဆုံးရှုံးမခံနိုင်။

"အကို ဘာဖြစ်နေတာလဲ"

"မင်း နည်း''လေးတောင်မခံစားမိဘူးလားရိပေါ်"

"ဘာကိုလဲအကို... အကိုဘာတွေပြောနေတာ"

"မင်းတကယ်မသိတာပဲ.. ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေက မင်းကိုနည်းနည်းလေးတောင်မသိသာစေခဲ့ဘူးလား၊ ကိုယ်မင်းကိုချစ်တယ် ရိပေါ်... မင်းကိုတစ်ခြားသူလက်ထဲထည့်မပေးချင်ဘူး"

ချန်ရွှမ်းက ရိပေါ်ကို ဖက်လို့ ငိုချရင်း စကားတွေအဆက်မပြတ်ပြောသည်။

"မဖြစ်နိုင်တာ အကိုရာ.."

"ကိုယ် တကယ်ချစ်တယ် ၊ တိုက်ဆိုင်တယ်လို့ဘယ်ရှိလိမ့်မလဲရိပေါ် ကိုယ့်မှာမင်းနဲ့ပက်သက်ခွင့်ရဖို့ ကြိုတင်ကြံစည်ခဲ့ရတာ... ကိုယ့်ဘက်ကို နည်းနည်းလေးဖြစ်ဖြစ် လှည့်ကြည့်ပေးပါအုံး"

"ကျွန်တော် အကို့ကိုမချစ်ဘူး ချစ်တယ်ဆိုရင်တောင် အစ်ကိုတစ်ယောက် သူငယ်ချင်းတစ်ယောက်လိုပဲ။ အဲ့အခြေအနေဆိုတာထက်မပိုဘူးအကို"

"ဘာလို့လဲ... ဘာလို့ ချက်ချင်းငြင်းပစ်ရတာလဲရိပေါ် ၊ ကိုယ့်ကိုကျ ဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ"

"ကျွန်တော် မြို့အုပ်ရှောင်းကိုချစ်တယ်အကို"

"ဟင်..."

ချန်ရွှမ်းမျက်ရည်က တာပြိုလာသလိုပါပဲ။ လည်ပင်းထဲ ဓားစိုက်လိုက်ရင်တောင် ဒီ့ထက်ခံရသက်သာပါအုံးမယ်။ ကိုယ်ချစ်တဲ့သူက တစ်ခြားတစ်ယောက်ကိုချစ်နေတဲ့အခါ... ဒီခံစားချက်မျိုးက ပြောမပြတတ်အောင်ပါပဲ။

"အင်း ... ဘယ်အချိန်ကမှန်းမသိပေမယ့် ကျွန်တော်မြို့အုပ်ရှောင်းကို ချစ်နေမိတာအမှန်ပဲ"

"ဘာလို့ အစတည်းကမပြောတာလဲရိပေါ် ကိုယ့်ကို ဒီလိုမျိုး အငြင်းခံရပြီး အရှက်ကွဲစေချင်တာလား"

"အဲ့လိုမဟုတ်ဘူးအကို ကျွန်တော်ကိုယ့်ကိုယ်ကိုယ်မသေချာသေးတာ "

မြို့အုပ်ရှောင်း [ Mayor Xiao ]Место, где живут истории. Откройте их для себя