" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 2 )

179 14 5
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

        အခန်း ( ၂ )

        ကောင်းတစ်ယောက် သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲသွားဖို့အတွက် ပြင်ဆင်နေတာပါ။ ကောင်းနဲ့သူက သိကြတာ တက္ကသိုလ်ရောက်မှဆိုပေမဲ့ အတော်လေးတော့ရင်းနှီးပါသည်။ ဝန်းရံခလောက်သူ့ကို သိပ်မခင်တွယ်ပေမဲ့ သူလည်းတကယ်ကို ခင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ အခုလည်း ဝန်းရံခကိုပါခေါ်ပြီး သူမွေးနေ့ပွဲအတွက် ပြင်ဆင်နေတာပါ။ အရေးထဲဝန်းရံခက ပြောထားလျှက်သားနဲ့ ဘေးအခန်းနဲ့ အခန်းမှားပြီး တံခါးသွားခေါက်နေသေးသည်။ ဘယ်လောက်ဒေါသဖြစ်ဖို့ကောင်းလဲ။ ကောင်မလေးနှစ်ယောက်ကတော့ ချစ်စရာရုပ်လေးပါ ဒါပေမဲ့ သူတို့ရဲ့မျက်လုံးတွေက တကယ့်ကိုသိနေရသည်။ ဟုတ်တယ်လေ သင်္ဘောမတွေ။

   " အစ်ကိုကလည်း သေချာပြောရက်သားနဲ့ကို အခန်းမှားရသေးတယ်ဗျာ "

         ကောင်းညှို့မာန်ဆိုသောသူသည် တစ်ခါတစ်လေမှာ စိတ်အရမ်းညစ်လို့ အိမ်မှာမနေချင်တဲ့အခါမျိုးမှာ အခုတိုက်ခန်းလေးမှာ လာနေတက်သည်။ ဒီအခန်းလေးဟာလည်း သူ့အတွက် စိတ်ထွက်ပေါက်ရှာရာတစ်ခုဖြစ်သလို အေးဆေးအနားယူတဲ့နေရာလည်းဖြစ်ပေသည်။ အခုအခန်းလေးကို ဝန်းရံခကိုတောင် ပထမဆုံးအကြိမ် ခေါ်ခြင်းပါ။

" ကောင်းရာ ကိုယ်လည်း လောလောနဲ့ဆိုတော့ မှားသွားတာ ဆော်ရီးပါကွာ "

" ထားပါတော့ ပြင်ဆင်တော့ သွားကြမယ် ကားကြပ်မှာနဲ့ ဘာနဲ့ဆိုရင် "

        နှစ်ယောက်သားပြင်ဆင်ပြီး အခန်းထဲကနေထွက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ဖက်အခန်းက ကောင်မလေးနှစ်ယောက်ကလည်း တစ်ပြိုင်တည်းထွက်လာကြလေတော့သည်။ သူတို့ကိုကြည့်တော့လည်း သေချာပြင်ဆင်ထားပြီး ပွဲတစ်ခုခုကိုသွားမဲ့ပုံပါပင်။ ထုံးစံအတိုင်း ကောင်မလေးတစ်ယောက်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး သဘောကျနေလေရဲ့။ သူသဘောကျပုံက သင်္ဘောသီးမတွေလုပ်နေတာလေ။

         ကောင်းလည်း ခပ်မြန်မြန်ပင် ထွက်လာခဲ့လေတော့သည်။ ဝန်းရံခလည်း အနောက်ကနေအမှီလိုက်လေတော့သည်။ ကောင်းဆိုတာကလည်း အဲ့လိုလူမျိုးပါ စိတ်အလိုမကျရင် ခပ်တည်တည်နဲ့ ဘာမှလည်း ဂရုမစိုက်တက်သလို တစ်ယောက်တည်း တစ်ကမ္ဘာပါ။ အဲ့လိုအချိုးတွေကြောင့််လည်း ဝန်းရံခကလွဲရင် သူ့အနား အခြားသူတွေသိပ်မကပ်ကြပေ။ ဒါကိုလည်း သူကဂရုမစိုက် တစ်ခါတစ်လေပြောတောင်ပြောလိုက်သေးသည် ။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now