" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 1 )

871 27 8
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

                  အခန်း ( ၁ )

        သူ့နာမည်က ဝန်းရံခ တက္ကသိုလ်တက်နေသောကျောင်းသားလေးပေါ့ ကျောင်းမှာလည်း အထိုက်အလျောက်နာမည်ကြီးသည်လို့ပြောလို့ရသော ကောင်လေးတစ်ယောက်။ နာမည်ကြီးတာကလည်း အခြားတော့မဟုတ်ပေ ခပ်တည်တည်နဲ့နေတက်သော ကောင်လေးတစ်ယောက်၊ ပိန်ပိန်ပါးပါးနဲ့ ကြည့်ကောင်းသော ကောင်လေးတစ်ယောက်၊ မိန်းကလေးတွေကို အရင်းတနှီးမရှိလှသော ကောင်လေးတစ်ယောက်။ ထိုအကြောင်းရာများကြောင့် ဝန်းရံခသည် တက္ကသိုလ်ကျောင်းတော်ကြီးတွက် တိုးတိတ်စွာနာမည်ကြီးနေသည်။ အံ့သြသွားတယ်ထင်ပါရဲ့ တိုးတိတ်စွာနာမည်ကြီးနေတယ်ဆိုလို့ ဒီလိုလေ သူကသူနာမည်ကြီးတာ သူမသိဘူးလေ ဘယ်သိပါ့မလဲနော် သူက စိတ်မှမဝင်စားတာ သူ့ကိုတော့ ကျောင်းသားကျောင်းသူအချို့က နာမည်ပေးထားကြလေရဲ့။ အဲ့တာကတော့ " ချေ " တဲ့။

         ဝန်းရံခတစ်ယောက် ကျောင်းသို့ထုံးစံအတိုင်းရောက်လာလေပြီး။ ပုံမှန်ထက်ကို အနည်းငယ်လေးမြန်သော ခြေလှမ်းနှုန်းလေးနဲ့ သူလျှောက်လာလေတော့သည်။ ဒါကလည်း အထူးဆန်းတော့ မဟုတ်ပေ သူလူတစ်ယောက်နဲ့ ချိန်းထားလေသည်။ဟုတ်ပါသည် သူချိန်းထားတာက ကောင်းညှို့မာန်ပါ။ ကောင်းညှို့မာန်သည် သူနဲ့ငယ်သူငယ်ချင်းတစ်ယောက်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ သူငယ်ချင်းများများစားစားမရှိသောသူ့မှာ ကောင်းညှို့မာန်ကသာ သူ့အဖော်လို​ဖြစ်နေသည်။ ပြောရလျှင် ကောင်းညှို့မာန်သည် ကောင်ဆိုးလေးတစ်ယောက်လည်းဖြစ်သည်။ သို့ပေမဲ့ ဝန်းရံခအဖို့တော့ ဒါတွေက ကျင့်သားရနေလို့ အထူးတဆန်းတော့ မဟုတ်တော့ပေ။

        ခပ်သွက်သွက်လေးလျှောက်နေသော သူ့ကိုကောင်မလေးတစ်ချို့နဲ့ ကောင်လေးတစ်ချို့ကလည်း မသိမသာလေး အတင်းအုပ်ကြပြန်လေတော့သည်။

" ကြည့်ပါဦး ကိုချေကြီးတို့ ခြေလှမ်းတွေက တက်ကြွနေတာ မသိရင် အနောက်က ကျားလိုက်နေသလိုဘဲ "

" ဟုတ်ပါ့ ဘာများအရေးကြီးလို့ ဒီကျောင်းဝင်းကြီးထဲ ပြေးလျှောက်နေတာလဲ မသိဘူး "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now