အပိုင်း၂

Magsimula sa umpisa
                                    

: ဘိုးဘိုး!

: အေးလာအုန်း လာလာ လာခဲ့စမ်း

ဆရာဝန်တစ်ယောက်နှင့်စကားပြောနေရင်း
ရုံးခန်းတံခါးကိုမခေါက်ဘဲဝင်လာသည့် လွိုင်း

အဘိုးနားရောက်သွားသာ်နှင့်
ဗိုက်တင်းကြောလိမ်ဆွဲခံလိုက်ရသည်

:အားးးးအားးးးးးးနာတယ် နာတယ်

: ဒီတစ်ခါလဲ ကျိုးပဲ့ခဲ့သေးလား ပြစမ်း

လွိုင်း လက်ကိုယူကာလှန်လှော်ကြည့်နေသည့်
အဘိုးဖြစ်သူကိုပြုံးကာကြည့်ပြီး
သွားဖြဲနဲ့ ရယ်ပြလိုက်ကာ

:ဘယ်နေရာမှလဲမကျိုးခဲ့ဘူး
တစ်ခုဘဲရှုံးသွားတယ်အဘိုးရာ
အဲ့တစ်ယောက်ကို ပြန်အနိုင်ယူပြမယ် ကြည့်နေ

လက်သီးလက်မောင်းတန်းပြီးပြောနေသည့်
ထိုကောင်မလေးကိုစိမ်းပြုံးကာကြည့်နေသည်

ကိုယ်နဲ့တွေ့ရင်ကျရုပ်ကရူတည်တည်မှေးစင်းစင်းနဲ့
ဒီလိုကြတော့လဲ ကလေးသာသာလေး ပါလား

စိမ်းကိုမြင်သွားသလိုဖြင့်

:ဪ ရှင်ကို
ဘာကိစ္စဒီကိုရောက်နေတာလဲ

စိမ်း ရုပ်တည်လိုက်ကာ

: တို့အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ရောက်လာတာလေ
ဘာလဲ ပြဿနာရှိလို့လား

ဦးပင်လုံ : သူနာမည် က ဒေါက်တာနီလာစိမ်းပေါ့
အရိုးအကျောမှာသူကတော်တော်ကျွမ်းကျင်တယ်
ဒေါက်တာစိမ်းကလွိုင်းကို
ဆေးကုပေးဖူးတဲ့သူမဟုတ်လား
ဒါကကျွန်တော့ရဲ့တစ်ဦးတည်းသော်မြေးပါ

: ဆရာမြေးမှန်း မသိခဲ့လို့ပါ
သိခဲ့ရင် သေသေချာချာ
နာနာကျင်ကျင်လေးကုပေးခဲ့မှာ

သူကိုပြုံးပြလိုက်ပြီးပြောလိုက်သည်မို့
စိမ်းကိုမျက်စောင်းထိုးနေသည်

: အဲ့ဆို စိမ်း ကို ခွင့်ပြုပါအုန်း

:ကောင်းပါပြီ

ခေါင်းငြိမ့်ကာထွက်သွားသည်အထိ
စိမ်းကိုမျက်စောင်းထိုးလို့မပြီးသေး

: လာစမ်း လွိုင်းမြန်မာ
နောက်တစ်ခါခိုးထွက်မယ်ဆို
ဒီထပ်ပိုဆိုးမယ် ဒီထပ်ပိုဆိုးမယ်

"For Doctor"Tahanan ng mga kuwento. Tumuklas ngayon