Special episode 5 Love Me Love My Dad

2K 128 28
                                    

Love me Love my Dad

Pran Talk

ကျွန်တော် အသက်မရူနိုင်ဘူး...
ကျွန်တော်မျက်လုံးပွင့်လာတာနဲ့ ကျွန်တော်လူပ်ရှားဖို့ခက်ခဲနေ ကြောင်းသိလိုက်ရသည်။

ကျွန်တော်ဘေးကိုလှည့်ကြည့်လိုက်သည်။ကျွန်‌တော့်ခန္ဓာကိုယ်ပေါ်တွင် သူ့လက်မောင်းကိုလာတင်ထားပြီး အိပ်ပျော်နေသော ကောင်ကိုကျွန်တော်စူးစူးဝါးဝါးကြည့်လိုက်သည်။

သူကကျွန်တော့်ခန္ဒာကိုယ်ပေါ်ကို သူ့တစ်ကိုယ်လုံးဖြင့် သက်တောင့်သက်သာရှိစွာလာဖိထားသည်။သူကကျွန်တော်အိပ်ရင်းနဲ့ အောက်ပိုင်းသေသွားမည်ကိုလည်းဂရုမစိုက်ပါ။

"Pat.."

ကျွန်တော့်ရဲ့လက်မောင်းနှင့် ခန္ဒာကိုယ်ညာဘက်အခြမ်းကို ထုံကျင်နေအောင် လုပ်ထားသည့်တရားခံရဲ့နာမည်ကိုကျွန်တော်ခေါ်လိုက်သည်။ Patက လူပ်ရှားမလာပါ။

"Pat...."

ဒီတစ်ခါတော့ ကျွန်တော် အိပ်ပျော်နေသည့်ကောင်ကိုထခုန်‌အောင် လက်မောင်းအပေါ်ပိုင်းကိုအားပြင်းပြင်းနဲ့ဆွဲဆိတ်လိုက်သည်။

"နာတယ်"

"နာမှပဲ မင်းကနိုးလာမှာလေ"

"တခြားနည်းနဲ့လဲ နိူးလို့ရပါတယ်"

Patကစပ်ဖြဲဖြဲမျက်နှာလုပ်ပြီး ကျွန်တော့်ဇက်ပိုးကိုဆွဲယူပြီး ကျွန်တော့်ကိုအောက်သို့ဆွဲချလိုက်သည်။

"မင်းက အိပ်ပျော်နေတဲ့အလှလေးကိုကြည့်‌နေတာလား"

"မင်းက တကယ့်ကို သရဲကြီးပဲ"

ကျွန်တော်ပေါက်ကွဲပြီးတစ်ဖက်ကိုလှည့်လိုက်သည်။

"သရဲကြီးကိုအနမ်းပေးပါဦး"

ကျွန်တော် သူမမြင်အောင် ပြုံးလိုက်သည်။
ကျွန်တော့်ကိုသူ့လက်‌မောင်းတွေကြားထဲ ဆွဲသွင်းနေသည်ကိုလိုက်လျော လိုက်သည်။

ခွေးရူးကောင်ရဲ့နှလုံးသားနဲ့နီးနီး‌နေရာတွင်
သူကကျွန်တော့်နူတ်ခမ်း ကို လာဆော့ကစားနေပြီး သူ့ရဲ့အောက်နူတ်ခမ်းကို ကျွန်တော် တစစဖြင့်ကိုက်လိုက်သည်။

BBS Ohmnanon Mm translation.Nơi câu chuyện tồn tại. Hãy khám phá bây giờ