"အကိုကြီး ဒီမှာ"

မင်းထက်ပြတဲ့နေရာသို့
ရာဇာလျှောက်လာခဲ့လိုက်သည်။
မြက်ရိုင်းပင်များ ကြေနေတာကြောင့်
ဒီနေရာကနေသူမသွားတာသေချာသည်။
ရာဇာခါးကြားထဲသေနတ်ထိုးထည့်ပြီး..

"ဒီလမ်းကနေသွားမယ်
မင်းထက် သူမကို
အမြန်ဆုံးရှာနိုင်ရင်တော့ပိုကောင်းမယ်
ထင်းရှူတဖက်တောကိုရောက်သွားလို့
တောခိုသူပုန်တွေ့ရင် ဒုက္ခရောက်
နိုင်တယ်"

"ဟုတ်ကဲ့အကိုကြီး"

ရာဇာ တပည့်ငါးယောက်နဲ့
မြက်ရိုင်းပင်တွေကျော်ဖြတ်ကာ
ထင်းရှူးတောကြီးထဲတိုးဝင်လာခဲ့လိုက်သည်
ပစ်စည်တွေတုတ်ခိုင်ကာ
အောက်ကမက်ရိုင်းပင်များကြောင့်
ထိုထင်ရှူးတောကြီးက
တမျိုးတော့ ကြည့်ကောင်းနေသည်
အဖေမဆုံးခင်က ဒီမှာအမဲလိုက်ဖူးပေမဲ့
အဖေဆုံးထဲကသူဒီကိုမရောက်ခဲ့ပေ..
ဝါးနှစ်ပြန်လောက်ရှိတဲ့ထင်းရှူးတောကြီးက
အရင်ကထက်ကြီးထွားလာတာတော့
အမှန်ပင်...
ရာဇာတို့အဖွဲ သွားရင်းသွားရင်ထက်ရှူးတော
တဝက်လောက်ခန့်ရောက်တာတောင်
သူမကိုအရိပ်အခြေတောင်မတွေ့သေပေ..
နေကလဲမြင့်လာကာ နဖူးက
ချွေးခြေကျသည်အထိ..ပိုဆိုးတာက
သူမခြေရာတွေလဲ ပျောက်နေပြီဖြစ်လို့
တောင်နဲ့မြောက်​.အနောက်ဘက် ထိုသုံးနေရာကို
ကြည့်ကာ ရာဇာ နဖူးကချွေးကိုသုပ်ပြီး..

"မင်းထက်"

"ဗျားအကိုကြီး"

"ဒီအတိုင်းသွားနေရင်
တော့ နေဝင်သွားမယ်ထင်တယ်
လူခွဲရှာတာပိုကောင်းမယ်"

"ဟုတ်တယ်အကိုကြီး
ကျတော်လဲအဲ့တာကို
စဉ်းသားနေတာ..ဘယ်လိုလုပ်မလဲအကိုကြီး"

ရာဇာ ခေါင်းက ဆံပင်တိုတို
လေကို တစ်ချက်သပ်လိုက်ကာ..

"မင်းထက်နဲ့ ကိုဦးက တောင်ဘက်သွား
တိုးကျော်နဲ့ သပြေက
မြောက်ဘက်သွား .သားစိုကငါနဲ့လိုက်ခဲ့
နေမဝင်ခင် အိမ်ကိုအရောင်
ပြန်ကြ..သူမကိုတွေ့သည်ဖြစ်စေ
မတွေ့သည်ဖြစ်စေ"

"ဟုတ်ကဲ့အကိုကြီး"

"သတိဝရိယနဲသွားကြ"

"ဟုတ်ကဲ့အကိုကြီး "

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now