Restless Soul

752 104 10
                                    


My hair is being pulled
by the stars again.

Anais Nin

သောကြာ မီတင်အပြီး ညနေခင်းက နှင်းဖွဲဖွဲကျနေခဲ့သည်..

ရုံးကနေ Campus သို့ လာသည့် လမ်းမှာ
ကော်ဖီ နှစ်ခွက်ဖြင့် တနေ့တာပင်ပန်းနွမ်းနယ်မှုကို သူ
ဖြေလျော့ခဲ့ရသည်.. အိတ်ကို လွယ်ကာ leature ခန်းသို့
ရောက်ချိန် အတန်းစဖို့ ဆယ်မိနစ်ခန့် လိုသေးသည်..
အရင်အပတ်က ဝမ်ရိပေါ် ထိုင်ခဲ့သည့် ခုံနှင့် တခုံကျော်မှာ
သူ ဝင်ထိုင်လိုက်​၏..

ဝမ်ရိပေါ် မရှိပါ.. .. သို့မဟုတ်.. 
မရောက်သေးတာလည်း ဖြစ်နိုင်သည်..
ဆက်မတက်တော့ဘူးဟု ပြောသွားတဲ့ကောင်လေးကို
သိပ်တော့ မျှော်လင့်လို့မရ....

ဝမ်ရိပေါ်က လွဲ၍ တယောက်ပြီး တယောက်
ဝင်လာသည့် တံခါးပေါက်ကို အတန်းစတဲ့ အထိ
သူ ထိုင်ကြည့်နေမိသည်... ၇နာရီထိုးသွား​သောအခါ မလာလောက်တော့ဘူးဟု သူ စိတ်လျှော့ပြီး စာကို အာရုံစိုက်ဖို့ ကြိုးစားချိန်မှာ စာသင်ချိန် တဝက်ကျိုးခါနီးနေပြီ..ထိုအခိုက် အဝင်တံခါးက ချပ်ခနဲ အသံနှင့်အတူ ခပ်ဖြည်းဖြည်း ပွင့်သွားသည်..သူ ချက်ချင်းမော့ကြည့်လိုက်မိသည်..

တံခါးဝမှာ မျှော်နေခဲ့တဲ့ သူ..

Richard ကို တောင်းပန်သည့် အပြုံးဖြင့် ဦးညွှတ်နှုတ်ဆက်ပြီးမှ အရင်အပတ်ထိုင်ခဲ့သောနေရာကို လှမ်းကြည့်​၏..
ထိုအခါ ဝမ်ရိပေါ်နှင့် သူ အကြည့်ချင်း ဆုံသွားပါသည်..
အံ့ဩမှုဖြင့် ဝိုင်းစက်တောက်ပသွားသည့် မျက်လုံးများ​ကြောင့် သူ စိတ်လိုလက်ရ ပြုံးလိုက်မိသည်..

ဒါ အရင်အပတ်က မိတ်ဆက်ခဲ့တဲ့ ဝမ်ရိပေါ်ပဲပေါ့...
မျက်လုံးတွေကအစ နူးညံ့သိမ်မွေ့တဲ့ ကောင်လေး..

ဝမ်ရိပေါ်က သူ့ကို အသိအမှတ်ပြုသလို ပြန်လည် ပြုံးပြရင်း
ဘေး နှစ်ခုံကျော်မှာ ဝင်ထိုင်ကာ စာအုပ်နှင့် စာရေးကိရိယာအချို့ ထုတ်ယူသည်..ထို့နောက် သင်ကြားသမျှကို အာရုံစိုက် မှတ်သားလျက် စာသင်ချိန်ပြီးတဲ့ အထိ သူ့ဘက်ကို
နည်းနည်းမှ လှည့်မလာတော့... 

...

'ဝမ်ရိပေါ်..'

အတော်ကျယ်သွားသည့် သူ့ ခေါ်သံကြောင့်
လျှောက်လက်စ ခြေလှမ်းတွေ ရပ်တန့်သွားသည်..
ကျောင်းသားနှစ်ယောက်ကြားထဲက ဖြတ်ကာ
သူ ခပ်သွက်သွက် လျှောက်သွားလိုက်သည်..

Every Piece Of Me Where stories live. Discover now