"မင်းပြောချင်တာက တကယ်အလိုက်ခံလိုက်ရတဲ့ နိုရာက ဘာ symptoms မှမပြတော့ပဲ ဒါကိုလွှဲယူလိုက်တဲ့ ​ကောင်းဆက်ဆီမှာ သွာြး​ပ​နေတာပေါ့..."

"​အင်း..."

"အခုအခြေအနေက စိုးရိမ်ရလို့လား"

"မစိုးရိမ်ရပါဘူး။ သူ့ကိုမသက်ရောက်ဘူးလို့ သိထားပေမယ့် အခုကသက်ရောက်နေလို့ တကယ်ဓာတ်လိုက်ခံရလိုက်ရတဲ့သူလို ဖြစ်သွားတာကိုပဲ အံသြနေတာ"

"နိုရာမီးကြိုးကိုင်မိတာ ညာဘက်လား"

"ဟုတ်တယ် အခု နိုရာ့ ညာလက်မှာ မီးကြိုးကြောင့်လောင်သွားတဲ့ဒဏ်ရာ ရှိနေပေမယ့် စစ်ချက်အရ ရိုးရိုးဒဏ်ရာပဲ။ skin မလောင်ဘူး ဒဏ်ရာဒဏ်ချက်လုံးဝမရှိတဲ့ ​ကောင်းဆက်ရဲ့လက်မှာကျတော့ skin burn ဖြစ်နေတာကိုတွေ့ရတယ်"

"နိုရာနဲ့ စကားသွား​ပြောချင်တယ် အခန်းနံပါတ်ဘယ်လောက်လဲ"?

"အခန်းနံပါတ်၂၀၇ မှာရှိတယ်။ ငါလဲလိုက်မယ်​လေ"

ခပ်သုတ်သုတ်ခြေလှမ်းတို့က အခန်းတခုထဲအဆုံးသတ်သည်။ ဆေးရုံဝတ်စုံဖြင့် ကုတင်ပေါ်ထိုင်နေသည့် နိုရာကလဲမိမိတို့ကို မြင်သည်နှင့် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ကောင်းဆက်သတင်းကို ​မေးတော့သည်။

"ကောင်းဆက်ရောဟင် Devin"

"စိုးရိမ်စရာမရှိပါဘူး နိုရာ..."

"နိုရာ"?

"ဟုတ်ကဲ့ Mr Shane"

"​ကောင်းဆက်အရင်က အဲ့ဒီလိုဖြစ်ဖူးလား"?

"မဖြစ်ဖူးဘူး သူ့ကိုတခါမှ ဒီလိုတကယ်ကြီးသက်ရောက်သွားတာ တခါမှမရှိဘူး။ အခုကျွန်တော်တောင်အရမ်းလန့်သွားတယ်။ ​ကောင်းဆက်က တကယ်ဓာတ်လိုက်ခံရလိုက်ရသလိုဖြစ်သွားတယ်တဲ့။ ကျွန်တော့်ဆီက သူလွှဲယူသွားတော့ ကျွန်တော်က ဘာမှကိုမဖြစ်တော့ဘူး ယုတ်စွအဆုံး ဒီညာလက်ကြီး​တောင် မနာဘူး Mr Shane"

"ဒါဆို သူ့စွမ်းရည်က ဓာတ်လိုက်တာနဲ့ပတ်သတ်ရင် အလုပ်မဖြစ်တာလား"

"အဲ့ဒီလိုလည်းမဟုတ်​လောက်ဘူး။ ​ကျောင်းတက်တုန်းက ဓာတ်လိုက်တဲ့ အတန်းဖော်တယောက်တုန်းကလည်း သူအခုလိုပဲ လွှဲယူဖူးတယ်။ ခဏ​လောက်တော့ ဓာတ်လိုက်သလို ​တောင့်တောင့်ကြီး ဖြစ်သွားပေမယ့် ၁မိနစ်တောင်မကြာဘူး ပုံမှန်ပြန်ဖြစ်သွားတာ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Donde viven las historias. Descúbrelo ahora