မကြာမီမှာပင် မိမိရှိရာ လျှောက်လာနေသည့် Devin ရဲ့အမူအရာများကြောင့် Shane ရင်ထဲဒိတ်ခနဲတောင်ဖြစ်သွားရပြီး ဒါဟာ ကောင်းဆက်ထံ တတိယအကြိမ်အဖြစ်ရောက်လာသည့် သေခြင်းတရားများလားဟု တွေးမိသည်အထိ

"Devin ဘာတဲ့လဲ? "

"ဓာတ်လိုက်တဲ့သူက နိုရာဆိုတာ ​သေချာပါတယ်နော်"

"အားလုံးက အဲ့ဒီလို​ပြောကြတာပဲ ပြီး​တော့ငါတို့​တွေ့တာလဲ အဲ့ဒီလိုပဲ​လေ။"

"ကောင်းဆက်နဲ့ပတ်သတ်တဲ့ ထူးခြားချက်တွေက မင်းပြောလို့ ငါအကုန်သိထား​ပေမယ့် အခုကိစ္စကို ငါအရမ်းနားလည်ရခက်နေတယ်။ အဖြေမထွက်ဘူး"

"ဘာကိုလဲ"?

"နိုရာရဲ့ စစ်ချက်မှာ ဓာတ်လိုက်ခံရတဲ့ symptoms တွေတခုမှမရှိဘူး။ ကုန်ကုန်ပြောရရင် သူ့လက်ကမီးကြိုးကြောင့် လောင်သွားတဲ့ဒဏ်ရာမှာလည်း မီးလောင်တဲ့ပုံစံမျိုးမဟုတ်ပဲ ရိုးရိုးဒဏ်ရာပုံပဲဖြစ်နေတယ်"

"အင်း အဲ့ဒါ ​ကောင်းဆက်က နိုရာခံစားရတာတွေကို လွှဲယူလိုက်တာမို့လို့ နိုရာ့ ဘာမှမခံစားရတော့တာ။ ငါ့တုန်းကလိုပဲ​လေ။ အဲ့ဒါကြောင့်ပဲ ​ဆေးရုံမရောက်ခင်ကတည်းက သတိရလာတာပေါ့"

"မင်းပြောတော့ ကောင်းဆက်ကအဲ့ဒီလို လွှဲယူလိုက်ရင်တောင် မိနစ်ပိုင်းလောက်ပဲခံစားရတာ။ သူ့အပေါ်တကယ်မသက်ရောက်ဘူးဆို"

"ငါသိထားတာတော့ အဲ့ဒီလိုပဲ ကိုယ်တိုင်လည်းမြင်ဖူးတယ် ခဏ​လောက်ပဲသူခံစားလိုက်ရတာ။ ပြီးရင်ပျောက်သွားတာပဲ ဒါပေမယ့် ဒီတခေါက်မှာဘာဖြစ်လို့ သူသတိလစ်သွားလဲဆိုတာ ငါမသိဘူး"

"ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုတကယ်ဓာတ်လိုက်သလိုဖြစ်သွားလို့...."

"ဘာ!!"

"ငါအပါအဝင် အခန်းထဲကဆရာဝန်တွေ တယောက်မှနားမလည်နိုင်ဘူး။ ကောင်းဆက်ရဲ့လက်တဖက် ပြောရရင်ညာဖက်လက်မှာ ဒဏ်ရာဒဏ်ချက်မရှိပဲ စစ်ချက်အရကျတော့ tissues တွေက မီးလောင်ခံလိုက်ရတဲ့အတိုင်း ထိထားတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်မှာ လျှစ်စစ်ထိထားတဲ့ symptoms တွေပြနေတယ်။ လက်အရေပြားလောင်နေတယ်၊ သတိလစ်တယ်၊ အသက်ရှုပုံ မူမမှန်ခက်ခဲနေတယ်၊ တက်တယ်၊ အမြင်အာရုံ အကြားအာရုံမှာလည်း ဓာတ်လိုက်ခံရတဲ့လူတွေမှာ ​တွေ့ရတတ်တဲ့ ပြသာနာတွေရှိနေတယ်"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now