7✌︎︎ [Final]

Start from the beginning
                                    

Yoongiဟာသူထင်ထားတာထက်ပိုပြီးအေးစက်စက်နိုင်ပါလား။နွေးထွေးမှုမရှိလိုက်တဲ့လူကြီး။

ခြံထဲကထိုင်နေကျဒန်းပေါ်မှာ ထိုင်ပြီးဟိုတွေးလိုက်ဒီတွေးလိုက်နဲ့။လေစိမ်းတွေကလဲဒီညကျမှအတိုးချပြီးတိုက်နေသလားအောက်မေ့ရတယ်။အေးနေတဲ့ကြားထဲကအနွေးဓာတ်လေးတချို့ကိုရလိုက်တယ်။

Yoongiသူယူလာတဲ့အပေါ်ထပ်ကိုJiminအားခြုံပေးလိုက်သည်။

"ဒီမှာတစ်ညလုံးထိုင်ဖို့စဉ်းစားထားတာလား အအေးပက်ပြီးတော့ သေနေအုံးမယ်"

"ကျွန်တော်သေသွားရင် ခင်ဗျားပျော်နေမှာမလား"

Jiminစကားကြောင့်တစ်ချက်ပြုံးလိုက်ပြီး

"ဟဟ ဒီလိုပြန်စွာပုံထောက်ရင်တော့ မင်းမသေနိုင်သေးပါဘူး"

"ဒါနဲ့အိပ်နေတာဆို ဘာလို့ဆင်းလာတာလဲ"

"ငါအိမ်မက်ကောင်းနေတာကိုမင်းကြောင့်နိုးသွားတာလေ ပြန်အိပ်လို့မရတာနဲ့ဆင်းလာတာ"

သူထင်ထားတဲ့အဖြေမဟုတ်တာကြောင့် Jiminအနည်းငယ်စိတ်ပျက်မိသွားသည်။သူကပဲတစ်ဖက်သတ်ဖြစ်နေတာပဲလား။Yoongiကရောသူ့လိုမခံစားရဘူးလားသိချင်မိတယ်။

ဘာစကားသံမှမကြားတော့ဘဲ ပုခုံးကလဲလေးပင်နေတဲ့ခံစားချက်မျိုး ကြည့်လိုက်တော့သူ့
ပုခုံးလေးကိုမှီပြီး ကြက်ပေါက်လေးက
အိပ်ပျော်နေတာကိုး။အိပ်ပျော်နေတဲ့ကြက်ပေါက်ကိုနိုးမနေတော့ဘဲ အခန်းထဲထိပွေ့ချီလာခဲ့သည်။

"အမလေး ငါ့ခါး ငါ့ခါးကျိုးတော့မယ် ကြက်ပေါက်
ဒီလောက်လေးမယ်ထင်မထားဘူး အိုက်ဂူး ငါ့ခါးလေး"

Jiminအခန်းထဲက စားပွဲခုံပေါ်မှာတင်ထားတဲ့ အဘွားနဲ့jiminတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ရင်းပြုံးမိသည်။

🐱🐱🐱

ဆံပင်ပွရှုပ်ရှုပ်နဲ့ဆင်းလာတဲ့ကြက်ပေါက်ကိုကြည့်ရင်းပြုံးမိပြန်သည်။ဒီကောင်လေးကဘယ်လိုနေနေကိုချစ်စရာကောင်းနေတော့မှာလား။

"မင်းအတွက်မနက်စာပြင်ပေးထားတယ်"

သူ့အတွက်ပြင်ပေးထားတဲ့မနက်စာကိုမစားဘဲထိုင်ကြည့်နေသည်။

Luv WarningWhere stories live. Discover now