" .........''

" ဆက်သွားပါ။.....အဲ့နေရာကို သွားကြစို့ ''

ရှုပေါ်စုက ကျန်းရှု ကို အနောက်ကနေ အမိန့်ပေး လိုက် တယ်။ လူတွေ အရမ်းများ လာတဲ့အခါ သူတို့က ထောင့်စွန်း လေးနားကို ရောက်နေပြီပဲ ဖြစ်တယ်။ ကျန်းရှုက ရထားနောက်ကျောကို မှီလိုက်တယ်။ ပြီးတော့ သူ့ခေါင်းကို မော့ကြည့်လိုက်တဲ့အခါ ရှုပေါ်စုက သူ့အတွက် နေရာအသေးလေး တစ်ခု ရအောင် လုပ်ပေး ထားတာကို တွေ့လိုက်ရ တယ်။

အနည်းဆုံးတော့ တစ်ခြား သူတွေနဲ့ ထိတွေ့ပူးကပ် နေစရာ မလိုတော့ဘူး ပေါ့လေ။

မြို့ဟောင်း ကနေ မြို့သစ် ကို သွားတဲ့ မြေအောက် ရထားလမ်းက လူပိုကျပ်တယ် ဆိုတာ မင်းသိပါသလား။ ဘာလို့လဲဆိုတော့ လူအများစုက မြို့ဟောင်း မှာနေပြီး မြို့သစ်မှာ အလုပ်လုပ် ကြလို့ပဲ ဖြစ်တယ်။

ရှုပေါ်စု ရဲ့နောက်ကျောက တစ်ဖက်လူတွေကို တွန်းကန် ထားရတာကြောင့် တောင်ကြီး တစ်ခုက ဖိလာသလို ခံစားရတာမို့ ကျန်းရှုကိုပြော လိုက်တယ်။

" တကယ်ကြီး လူကျပ်တာပဲ ကွ ''

ကျန်းရှုက အေးစက်စွာ နဲ့ပြောလိုက်တယ်။

" ခများရွေး ထားတာလေ။ ''

ရှုပေါ်စုက ရယ်လေတယ်။ ဘာလို့ သူ့ရဲ့ကလေးလေးက ပိုပြီး ချစ်ဖို့ကောင်း တယ်လို့ သူခံစားနေရတာလဲ။

" တစ်စုံတစ်ယောက် ကများ ပြောဘူး သေးလား မင်းက အရည်ပြား ပါးတယ်ဆိုတာကိုလေ? "

ကျန်းရှုက မေးခွန်း ကိုမဖြေခဲ့ဘူး။ ရထားပေါ်မှာ သူတစ်လမ်း လုံးမတ်တပ်ရပ်ရ အုံးမယ်။ သူက သူ့ရဲ့ ဖုန်းကို အိပ်ကပ်ထဲ ကနေ ယူပြီးဆော့ နေလိုက်တယ်။

" ဖုန်းကို မြေအောက် ရထား ပေါ်မှာ ကြည့်တော့ မင်းမျက်လုံးတွေ မပင်ပန်းဘူးလား။ ''

ရှုပေါ်စုက သူနဲ့ နီးကပ်လာ တာကြောင့် ထို သူပြောသမျှကို သူရှင်းရှင်း လင်းလင်း ကြီး ကြားလေတယ်။ ကျန်းရှုက သူ့ကို စိုက်ကြည့် လိုက်ကာ သီချင်း ဆော့ဝဲလ် ကိုဖွင့်ပြီး နားကြပ်တွေ နဲ့နားထောင် ဖို့သာ လုပ်လိုက်တော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now