"​Shane က Toilet သွားနေတာ။ Joel က Shane ဆွဲထားတဲ့ ဂိမ်းနမူနာကို ယူသွားတာ"

"ဟာ.....ဘာလုပ်ဖို့အတွက်လဲ"

"ဘာဖြစ်လို့လဲဆိုတော့ Shane ဆွဲထားတဲ့ဂိမ်းက အတော်ကိုလက်ရာမြောက်ပြီး လူကြိုက်များတဲ့ဂိမ်းတခုဖြစ်လာလိမ့်မယ် ဆိုတာကို Joel ကသိနေတယ်လေ။ သူကိုယ်တိုင်လည်း pro ကိုး။ "

"အဲ့ဒီနောက်ရော"?

"ပြန်လာပြီးနောက်ပိုင်း Shane က အလုပ်များ​နေခဲ့တာ​ပေါ့ company ဖွင့်ဖို့ပြင်ဆင်​နေတာ။ ဖွင့်တဲ့နေ့ထိကို Launch လုပ်မယ့် သူ့ဂိမ်းအသစ်အတွက် အလုပ်ရှုပ်နေခဲ့သေးတယ်။ နောက်ကျတော့ ဖွင့်လိုက်တယ်ပေါ့လေ။ ပြသာနာက ဖွင့်ပွဲပြီးတော့မှ စတော့တာပဲ"

"............."

"Shane ​ရော ကျွန်တော်ပါမသိလိုက်တဲ့အချက်က Joel က သူ ခိုးသွားတဲ့ ​Shane ရဲ့ဂိမ်းကို အဲ့ဒီအချိန်ကနာမည်ရ ဂိမ်းcompany အကြီးတခုမှာ သွားရောင်းထားတာပဲ။ အဲ့ဒီ company ကလဲကြိုက်လို့ စာချုပ်နဲ့ဝယ်ပြီး launch လုပ်ဖို့ပြင်နေပြီ။ Shane ကံ​ကောင်းတယ်​ပြောရမလား။ အဲ့ဒီ companyဘက်က တရားဝင် မိတ်မဆက်ခင် သူကစောပြီး မိတ်ဆက်လိုက်သလို ဖြစ်သွားတော့ ဒီဂိမ်းရဲ့မူလပိုင်ရှင်က Shane ဖြစ်သွားတယ်။ Joel ဆီက ဝယ်ထားတဲ့ companyက မိတ်ဆက်လို့မရတော့ဘူး"

"ဟုတ်တာပေါ့"

"စည်းမျဉ်းစည်းကမ်းအရကလည်း Joel ကမူလပိုင်ရှင်ဖြစ်စေဦးတော့ Shane က အရင်မိတ်ဆက်လိုက်တာဆိုတော့ တရားဝင်ပိုင်ရှင်က Shaneပဲ။ ဒါကိုမှ Joel က လိုက်ထုတ်ရင် နည်းပညာခိုးယူမှုနဲ့ တရားဆွဲလို့ရတယ်လေ"

"Joel က သူ့အပိုင်ပါဆိုပြီး မပြောဘူးလား"

"ပြောလို့မရဘူး​လေ သူ့မှာ ဂိမ်းရှိ​နေ​ပေမယ့် သူကတကယ့်ပိုင်ရှင်မဟုတ်​တော့ Shane နဲ့ထိပ်တိုက် ရင်မဆိုင်ရဲဘူးထင်တယ်။ ​နောက်ဆက်တွဲပြသာနာကတော့ Joel နဲ့ စာချုပ်ချုပ်ထားတဲ့ company က Joel ကို စာချုပ်ဖောက်ဖျက်မှုနဲ့ တရားဆွဲတော့တာပဲ။ Company ကကြည့်ရင်လည်း ဒီဟာကိုဝယ်ဖို့ ပိုက်ဆံတွေအများကြီးပေးထားရသလို launch လုပ်ဖို့အတွက်ရော suppliers တွေအတွက်ရော ငွေတွေအကုန်အကျခံထားရတာ။ အကုန်စီစဉ်ပြီးခါမှ အခြားcompany က အဲ့ဒီဂိမ်းကို မိတ်ဆက်သွားတော့ အားလုံးသဲထဲရေသွန်ပဲ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now