"သားရေးကိစ္စလာပြောတာဖြစ်လို့ ကျွန်တော်အစား အန်ကယ်လို့ပြောင်းသုံးပါရစေ Mr Shane "

"ဟုတ်ကဲ့..."

"ဒီခေတ်လူငယ်တွေကြားက ကိစ္စရပ်တွေနဲ့ အရင်ကနဲ့မတူညီတော့တဲ့ အမြင်ကျယ်လာမှုတွေကြောင့် လိင်တူချစ်ခြင်းဆိုတဲ့အပေါ် အန်ကယ်နားလည်ထားပါတယ်။"

"ဟုတ်ကဲ့ ဒါဆို...."

"ခဏလေးပါ Mr Shane။ နားလည်တယ်ဆိုတာ လက်ခံတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ကောင်းဆက်က သာမာန်မိသားစုက ​ပေါက်ဖွားလာတာပေမယ့် သူ့ဘဝနဲ့ပတ်သတ်ပြီး အန်ကယ်တို့မှာအများကြီး မျှော်လင့်ထားပါတယ်။"

"ကျွန်တော်နားလည်ပါတယ်။ ကောင်းဆက်ဂျေဒင်က Mr Thomas တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် သမရိုးကျဘဝ၊ ဘဘာဝကိုလွန်ဆန်ခြင်းမရှိတဲ့ လက်တွဲဖော်နဲ့အတူတကွ ဘဝကိုဖြတ်သန်းသွားဖို့ မျှော်လင့်ထားမယ်ဆိုတာ။"

"အဲ့ဒါလဲပါတာပေါ့...အခုလာခဲ့တာကို ကောင်းဆက်သိထားရဲ့လား။ သူကအန်ကယ်နဲ့တွေ့ပြီး ပြောခိုင်းလိုက်တာလား"

"ကျွန်တော့်စိတ်ဆန္ဒအရ လာတာပါ။ ကောင်းဆက်ဂျေဒင် သိမထားပါဘူး။ Mrs Jayden က Asian ဆိုတော့ သူရဲ့အလေ့အထကို ကျွန်တော်မသိတာရယ်၊ ပြီးတော့ ကျွန်တော်တို့အလေ့အထအရ ဖခင်ဖြစ်သူကိုခွင့်တောင်းသင့်တယ်လို့ ထင်လို့အခုလိုလာတွေ့တာပါ။"

"ကောင်းဆက်က Mr Shane ကို လက်ခံပြီးပြီလား?"

"ဖွင့်ပြောထားပေမယ့် လက်မခံသေးပါဘူး Mr Thomas"

"သားကလက်မခံထားတဲ့ ချစ်ခြင်းအတွက် ဘာကြောင့်များ Mr Shane က အန်ကယ့်ကိုအရင်လာတွေ့ရတာလဲ? ပုံမှန်လိုဆို နှစ်ဦးသားချစ်ခင်စုံမက်ပြီးမှ မိဘဆီကိုလာတွေ့တတ်ကြတာပါ။"

ထိုစကားလုံးကြားတော့ Shane ဘာဆက်ပြောရမှန်းတောင်မသိတော့ပေ။ တကယ်လဲ လောပြီးလာတွေ့မိတာဆိုပေမယ့် တဖက်မှာလဲကောင်းဆက်ငြင်းနေရခြင်းက မိဘတွေသဘောမတူမှာ စိုးလို့ဟုထင်နေလို့ပင်။

"ကျွန်တော်လောပြီး လာမိသလိုဖြစ်သွားတာမှန်ပါတယ် Mr Thomas ။ ဒါပေမဲ့ ကောင်းဆက်နဲ့ပြောတဲ့အချိန်တုန်းက မိဘတွေရဲ့လိုလိုလားလား ခွင့်ပြုချက်ကိုလိုချင်တယ်လို့ ထင်မြင်မိလို့ပါ။ ဒီလိုပြောတာစိတ်မရှိပါနဲ့ လိင်တူချစ်ခြင်းကို လိုလိုလားလားခွင့်ပြုဖို့ ခက်ခဲမှာကိုသိပါတယ်။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now