"Mr Thomas Jayden?"

Shane ရဲ့ခေါ်သံကြောင့် ချာခနဲလှည့်ကြည့်လာသည့် ကောင်းဆက်ရဲ့ဖခင်မှာ မိမိကိုမြင်တော့အတော်လေးကို အံ့သြသွားဟန်ရှိပြီး....

"Mr Shane? ဒီကို ဘာကိစ္စများ..."

သားဖြစ်သူရဲ့သူဌေးဆိုသည့်အသိကြောင့် Mr Thomas က ရိုးရိုးကျိုးကျိုးဖြင့် ပြန်ဖြေလို့လာခဲ့သည်။

"ကျွန်တော့်မှာပြောစရာလေးရှိလို့ ခဏလောက်အချိန်ပေးနိုင်မလားခင်ဗျာ။"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ရပါတယ်။ "

သို့နှင့်အနီးဆုံးကော်ဖီဆိုင်သို့ရောက်ခဲ့ပေမယ် မည်သို့စပြောရမည်ကို Shane စဉ်းစားလို့မရပေ။ သာမာန်ချစ်ခြင်းမဟုတ်သည့် ကိစ္စဖြစ်လို့ ကောင်းဆက်ရဲ့ဖခင်လက်သင့်မခံလိုပဲ ဒေါသတကြီးပြုမူမှာကိုလဲစိုးကာ နှုတ်ဆိတ်တာကြာနေခဲ့တော့ Mr Thomas ကပင် စကားစလာခဲ့တော့သည်။

"Mr Shane ပြောရခက်နေလောက်အောင်ဆိုတော့ ဘယ်လိုကိစ္စများလဲ?"

"ကျွန်တော်ပြောမယ့် စကားလုံးတွေအ​ပေါ် အရင်ဆုံးဒေါသမထွက်ပါနဲ့လို့ ပြောပါရစေ.."

"............."

"ကြားရမှာတော့ ဒေါသထွက်စရာပေမယ့် ကျွန်​တော့်အနေနဲ့ Mr Thomas ရဲ့သား ကောင်းဆက်ဂျေဒင်အပေါ်မှာ မေတ္တာရှိနေပါတယ်။"

ဟုဆိုကာ စကားခေတ္တရပ်၍ Mr Thomas ဧ။် အမူအရာကို အရင်အကဲခတ်လိုက်သည်။ မျက်ခုံးနှစ်ဖက်ပင့်တက်သွားသည်မှအပ ဘာတခွန်းမှ​တော့ပြောလာခြင်းမရှိ၊ ထိုတော့မှ မိမိစကားကိုဆက်ရန် Shane ပြင်လိုက်သည်။

"ပုံမှန်မကျတဲ့ ချစ်ခြင်းလဲဖြစ်ပြန်၊ အခြေအနေတခုအရ ကွာခြင်းခြင်းလဲရှိနေတော့ ကောင်းဆက်အပေါ် ကျွန်တော်အမြတ်ထုတ်တယ်လို့ မထင်ပါနဲ့။ စိတ်ကစားတာလဲမဟုတ်တော့ ဒီလိုမျိုး....."

လက်ကာပြလိုက်သည့် Mr Thomas ကြောင့် Shane စကားများကရပ်တန့်သွားခဲ့ရသည်။ အတော်လေးကို တည်ငြိမ်နေသည့် ဟန်ပန်ကြောင့် မည်သို့သောစကားလုံးများပြောလာမည်နည်းဆိုတာကို စောင့်ဆိုင်းနေရသည့်အခိုက် ရင်ထဲကနှလုံးခုန်သံကလဲ တဒုတ်ဒုတ်ဖြင့်...

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now