" နည်းသေးတယ် "
' ပြွတ် ပြွတ် '
" မကျေနပ်သေးဘူး "
လိုရာရောက်သည်အထိ ဆွဲခေါ်တတ်သော ဦးလေးကြီး၏ အကျင့်ကို ထယ်ယောင်းတို့ နောကျေနေခဲ့ပြီဖြစ်သည်။ထို့ကြောင့် တိုးတိုးလေးကပ်ပြောလိုက်ကာမှ စားပွဲခုံပေါ်က ဖုန်းကို ဆွဲယူရင်း ကုမ္ပဏီသို့ မလာဖြစ်ကြောင်း ဖုန်းဆက်တော့တာဖြစ်သည်။
မှန်နံရံတွေကို မျက်နှာမူရင်း တစ်နေ့တာအလုပ်ကို ညွှန်ကြားနေသည့် ဦးဂျွန်၏ ခါးတွေကို နောက်ကျောဘက်ဆီမှ သိုင်းဖက်ထားလိုက်တော့ လက်တစ်ဖက်ဖြင့် ထယ်ယောင်းရဲ့ကိုယ်လေးကို နောက်ပြန်ထိန်းကာ ပြန်ဖက်ထားသည့်ဦးဂျွန်
ဖုန်းချလိုက်သည်နှင့် မိမိဘက်သို့လှည့်လာရင်း ခါးတွေကနေ ဆွဲကပ်ပစ်လိုက်ပြန်တာကြောင့် ရင်ဘတ်ချင်းအပ်ကာ နှာခေါင်းဖျားလေးတွေပင် ထိစပ်ကုန်ကြသည်။
" ကိုယ့်ချာတိတ်လေး ခုဏပြောတာ အတည်ပါနော် "
" အင်ဟင် "
" တစ်နေလုံးတော့ ပင်ပန်းရချည်ရဲ့ကွာ "
ထို့နောက်မှာ ထယ်ယောင်းရဲ့ နှုတ်ခမ်းတွေကို မွတ်သိပ်စွာ နမ်းရှိုက်လာလေတော့သည်။
🍒🍒🍒
နေရောင်ခြည်နုနုက မှန်နံရံတွေကနေ ထွင်းဖောက်ဝင်ရောက်လာတာကြောင့် အိပ်ယာဖြူဖြူထပ်က ခန္ဓာနှစ်ခုသည် ရွှေလိမ္မော်ရောင်ပင်သန်းချင်နေသည်။
" နေအရမ်းပူလာပြီလား "
ဦးဂျွန်က အိပ်ယာခေါင်းရင်းဆီကို ကျောမှီကာ ခြေဆင်းထိုင်နေခြင်းဖြစ်ပြီး ထယ်ယောင်းကာတော့ ဦးဂျွန်၏ ခါးအထက်၌ ခွထိုင်ထားကာ အနမ်းစိုစိုတွေပုံဖော်နေခဲ့တာဖြစ်သည်။
ထယ်ယောင်း၏ လျှော့ရဲရဲညဝတ်အပါးလေးလွတ်နေသော ကျောပြင်လေးကို ဦးဂျွန်ရဲ့ လက်ဖဝါးတွေက ပွတ်သပ်နေသည်။
" အရမ်းမပူပေမယ့် လိုက်ကာပိတ်လိုက်ကြမလား "
ထယ်ယောင်းက အဓိပ္ပါယ်တစ်စုံတစ်ခုအား ထည့်သွင်းရင်းပြောလိုက်တာမို့ ဦးဂျွန်က remoteကိုယူကာ လိုက်ကာစတွေကို ပိတ်စေလိုက်တော့သည်။
![](https://img.wattpad.com/cover/292681893-288-k764803.jpg)
Extra
Start from the beginning