အပိုင်း(၃၅)

Start from the beginning
                                    

"တကယ်ပေါ့ကွာ. အင်း ဗီဒိုတစ်လုံးစာလောက်ရှိမှာပေါ့"

"မောင်က ဘ၀င်ရူး"

ခွန်ပြည့်က ကျောင်းတုန်းက လေပြေသူ့ကိုအဲ့လိုခေါ်ခဲ့တာကိုသတိရတာမို့ ပြုံးမိသွား၏.. ငယ်ချစ် အင်း. လေပြေဟာ သူ့ရဲ့အချစ်ဦး. ငယ်ချစ်ဘဲ။

လေပြေနဲ့အရင်ကအကြောင်းတွေကိုပြန်တွေးမိတိုင်း ကျောင်းစိမ်းတွေကိုယှဥ်လျက်ပြန်သတိရမိတဲ့ခံစားချက်ဟာ လွမ်းမောဖွယ်ရာ။ ဒါပေမယ့် လွမ်းမောစရာကောင်းတဲ့အချစ်ဦးလေးက သူ့ရင်ခွင်ထဲမှာမှီအိပ်ရင်း သူ့ကိုစကားတွေတတွတ်တွတ်ပြောနေကြောင်းကိုသတိပြန်ကပ်မိတော့ ချက်ချင်းနွေးထွေးသွားရသလို။

အချစ်ဦးတွေဟာ ဘယ်တော့မှမညားဘူးလို့ ဘယ်ပညာရှိကပြောခဲ့ပါလဲ..။

"အဲ့ဘ၀င်ရူးက မင်းယောင်္ကျားဖြစ်နေပြီလေ"

မောင်က စစ်ပွဲတစ်ရာတွင်အနိုင်ရတဲ့စစ်သူကြီးလို အောင်နိုင်စွာပြောတာမို့ လေပြေ့မျက်နှာလေးရှုံ့မဲ့သွားရ၏။ တဆတ်တည်းတွင်လဲ နွေးထွေးမှုက သူ့ရင်ကိုလွှမ်းခြုံသွားရသလို။ မောင့်ရဲ့ချစ်ခြင်းတွေနဲ့လွှမ်းခြုံနေတဲ့နေရာဟာ သူ့အတွက်တော့အနွေးထွေးဆုံးရပ်၀န်းတစ်ခုအမြဲဖြစ်နေဦးမည်သာ..။

...💜...

တစ်မနက်နဲ့နေ့ခင်းတစ်ခုလုံး လေပြေတို့နှစ်ယောက်လုံးဟိုတယ်ခန်းထဲမှာဘဲ အချိန်ကုန်ခဲ့ကြသည်. လုပ်စရာမယ်မယ်ရရဟူ၍မရှိတာမို့ တစ်နေ့ကုန်ကုတင်ပေါ်မှာ ဆော့လိုက်၊ ဖက်လိုက်၊ နမ်းလိုက်ဖြင့်သာ အချိန်ကုန်ခဲ့ကြ၏။

မောင်ကတော့ သူ့ရဲ့ဒီနေ့အလုပ်ကတော့ အရင်ကမနမ်းရှိုက်ခဲ့ရတဲ့လေပြေ့ပါးပြင်မို့မို့ကို အတိုးချနမ်းဖို့ လို့ ရယ်ကျဲကျဲဆို၏။ တကယ်လဲ တစ်နေ့ကုန် မောင့်ရဲ့နမ်းရှိုက်မှုကို အကြိမ်ရေတွက်၍မရအောင် လေပြေလက်ခံရရှိခဲ့ရသည်။

မောင်က စာအုပ်ဖတ်ပြဖို့စိတ်မပါတဲ့လူမို့ လေပြေကသာမောင့်ရဲ့ရင်ခွင်ထဲမှာ ခပ်ငြိမ်ငြိမ်မှေးရင်း စာဖတ်ပြရသည်။ မောင်က လေ‌ပြေ့ရဲ့စာကိုနားထောင်တာမဟုတ်ဘဲ အသံကိုဘဲနားထောင်မိတာလို့‌ စာအုပ်ဆုံးမှပြောလေတော့ လေပြေစိတ်ပျက်လက်ပျက်ရယ်မိသည်။

မောင့်လေပြေ (Completed)Where stories live. Discover now