အပိုင်း(၃၅)

Start from the beginning
                                    

"ဟုတ်ကဲ့ပါဗျာ.. အရှင်ဘုရင်လေးကို ကျွန်တော်မျိုး ပင်လောင်းမြို့ရဲ့တစ်နေရာမှမကျန်အောင် ဆောင်ကျဥ်းပေးပါ့မယ်ဗျ"

မောင်က အိပ်ရာပေါ်က လေပြေ့ရဲ့ဖတ်လက်စ စာအုပ်တစ်အုပ်ကိုကောက်ကိုင်ရင်းပြော၏. စာအုပ်က ဆရာချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူစာအုပ်မို့ မောင်ကနန်းတွင်းဟန်ဖြင့် စနောက်ကာပြောနေခြင်းသာ..။

"မောင် ဖတ်ပြရမလား"

မောင်က သူ့လက်မောင်းတွေထဲသိုင်းဖက်ခြင်းခံထားရသော လေပြေ့ဆံနွယ်တွေကို တစ်ချက်နမ်းရှိုက်ရင်းပြောလေသည်..ဒီလိုကျတော့လဲ ဟိုတယ်ထဲမှာအောင်းနေရတာလဲမဆိုးဟု လေပြေထင်လာသည်။

မောင်ပြောသလို ချစ်စ၊ခင်စဆို ကပ်နေရတာပါလားလို့တွေးရင်း အသံထွက်အောင်ပင် ရယ်မိလိုက်တော့ မောင်ကလေပြေ့ကိုငုံ့မိုးကြည့်ရင်း မျက်မှောင်ကျုံ့ကာ

"ဘာလဲ. ဘာလို့ရယ်တာလဲ"

"ဘာလဲ. ဘယ်မှာရယ်လို့လဲ"

လေပြေက ရယ်ချင်ပတ်ကျိမျက်နှာလေးနဲ့ မောင့်လိုပင်မျက်မှောင်လေးပြန်ကုပ်ပြကာ မောင့်လေသံအတိုင်း ဘုပြန်တောမိတော့

"မင်းရယ်တယ်လေ ခုဏက"

"အင်. မရယ်ပါဘူး"

"ရယ်ပါတယ်. လေပြေက မောင်စာဖတ်ပြမှာကို ရယ်ချင်နေတာမလား"

"အို. ငါက ဘာလို့ရယ်ရမှာလဲ"

မောင့်မျက်မှောင်လေးက ပိုတွန့်ချိုးသွား၏. လေပြေက စဥ်းစားရခက်သလို မောင့်ကိုကြည့်နေရင်းမှ. ၉တန်းတုန်းက မောင်မြန်မာစာကျတဲ့အကြောင်းကိုပြန်စဥ်စားမိသွားရသည်။

ဟုတ်ပေသား.. အဲ့တုန်းက ၉တန်းတစ်ကြောလုံးမှာ မောင်တစ်ယောက်သာ မြန်မာစာကျသည်မို့ မောင့်ကို ဆရာမကကောင်းချီးပေးကာဆူလေတော့ မဟုတ်မခံမောင့်ရဲ့ပြန်ခံပက်ပုံက သူ့ဘ၀မှာ စာကျက်.စာဖတ်ရမှာပျင်းလွန်းလို့ ကောင်မလေးတွေပေးတဲ့ရည်းစားစာတောင် မဖတ်ဖြစ်တာတွေရှိသတဲ့ဆိုဘဲ. မောင်ဟာ ဆရာမပါမကျန် အဲ့လိုပြန်ပက်တတ်တဲ့ လူဆိုးလေးပင်။

"အဟင်း. နေပါဦး. မောင်က ၉တန်းတုန်းက တကယ်ရည်းစားစာတွေအများကြီးရတာလား"

မောင့်လေပြေ (Completed)Where stories live. Discover now