15.6K 925 54
                                    

[Unicode]

အိစက်ချောမွေ့နေတဲ့ အနီရောင်ဖဲမွေ့ယာထက်တွင် အဝတ်မရှိယောကျ်ားခန္ဓာကိုယ်နှစ်ခုဟာ ရစ်ပတ်နှောင်တွယ်ထားကြရင်း အနီရောင်ခြုံထည်စောင်ကိုလွှမ်းလို့ နှစ်ခြိုက်စွာအိပ်မောကျနေကြသည်။ ခုတင်ဘေး မှန်နှင့်ကာရံထားသည့် ပြတင်းပေါက်မှတစ်ဆင့် မနက်ခင်းအလင်းရောင်ဟာဖြင့် ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ပြီး အခန်းတွင်းဝယ်လင်းလင်းကျင်းကျင်း။

မွေ့ယာထက် အိပ်ကောင်းဆဲလူနှစ်ယောက်ထဲမှ ကတုံးဆံပင်ပေါက်ဗိုလ်ကေလ်နှင့်လူဟာ သူ့ရင်ခွင်ထဲက ခရမ်းပုပ်ရောင်အညိုအစွဲတွေနှင့် အပြာဆန်စွာလှပနေသော သေးသွယ်တဲ့ခန္ဓာကိုယ်လေးကို သန်မာတဲ့လက်မောင်းနှစ်ဖက်ဖြင့် ထွေးပိုက်ထားခဲ့သည်။ အဲ့ဒီသေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးရဲ့ ပခုံးညှပ်ရိုးနှစ်ဖက်၊ ပြားချပ်ချပ်ရင်ဘတ်ပြင်နှင့် ခြုံထည်စောင်လွှမ်းထားတဲ့ မမြင်ရတဲ့အောက်ခါးပိုင်း တင်ပါး၊ ပေါင်ခြံတွေမှာ လက်ချောင်းရာ၊ ကိုက်ရာအပြည့်ရှိနေပြီး စုန်းသွေးစုပ်ထားသလို အနီရောင်အမှတ်အသားတွေလည်းရှိနေသည်။

သူတို့နှစ်ယောက်ရဲ့အောက်ပိုင်းဟာ အချင်းချင်းထိကပ်ထားဆဲဖြစ်ပြီး ခြေထောက်လေးချောင်းဟာလည်း တစ်ခုနဲ့တစ်ခုရစ်တွယ်ခွထားကြဆဲ။ ကတုံးဆံပင်ပေါက်ဗိုလ်ကေနဲ့လူက အတော်ကြာတော့ ညောင်းကိုက်လာတဲ့ခန္ဓာကိုယ်နဲ့အတူ အိပ်ရာထက်လှုပ်ရှားမှုပြုရင်း သူ့ရင်ခွင်ထဲက ပန်းနုရောင်ပွင့်ဖတ်လေးလို နွမ်းလျလျဖြစ်နေတဲ့ပါးပြင်ကို အသံထွက်သည်အထိ နမ်းရှိုက်ပစ်သည်။အထိအတွေ့ကြောင့်လူးလွန့်လာတဲ့ ထိုပွင့်ဖတ်လေးကလည်း ခံစားမိပြီးသားအနမ်းနွေးနွေးကြောင့် မျက်လုံးမဖွင့်ခင်ပင် ပြုံးရယ်လာခဲ့ရင်း ယောကျ်ားတန်မဲ့ဆွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ဘယ်ဘက်အောက်နှုတ်ခမ်းထောင့်က မှဲ့နက်လေးကို ထင်ရှားသွားစေသည်။

"ကိုယ့် အသက်ကလေး။ အဆင်ပြေရဲ့လား။ "

မင်္ဂလာဦးမနက်ခင်းမှာ ရှက်သွေးဖြာစေတဲ့မျက်ဝန်းတစ်စုံနဲ့ငုံ့ကြည့်ရင်းမေးလာသည့် ခင်ပွန်းဖြစ်သူရဲ့မေးခွန်းဟာ ရှောင်းကျန့်ရဲ့မျက်စောင်းလှလှလေးကို ဖြစ်တည်ခွင့်ပြုသည်။ ဒါ့အပြင် လက်သီးဆုပ်လေးနဲ့ ရင်ဘတ်ကျယ်ကျယ်ထက် မနာကျင်စေတဲ့ထုရိုက်မှုကလေးပါအပါအဝင်။

မင်းကတော်၏တစ်ထောင့်တစ်ညများ(Completed)Where stories live. Discover now