"ဝမ်မျိုးရိုး"

"ဟုတ်ကဲ့"

"ကျုပ်နားလာအိပ်စမ်းပါ"

"ကျွန်တော် ဒီမှာပဲအဆင်ပြေပါတယ်"

"ဝမ်မျိုးရိုး အမှောင်ကြောက်တယ်ဆို လာ.. ကျုပ်အနား"

မြို့အုပ်က ရိပေါ်ရဲ့ ခန္ဓာကိုယ်လေးကို သူ့အနား ဆတ်ခနဲဆွဲလိုက်သည်။ တစ်ချက်တည်းနဲ့ ပါလာတဲ့ ရိပေါ်ရဲ့ ခန္ဓာကိုယ်လေးက အခုတော့ မြို့အုပ်ရှောင်း ရင်ခွင်ထဲမယ်...။

ရိပေါ်ရဲ့ ကျောပေးလျှက် အနေအထားကိုပင် မြို့အုပ်ရဲ့ လက်အစုံက အနောက်ဘက်မှ ရစ်သိုင်းကာ ခါးကို  ကျစ်နေအောင်ဖက်ထားသည်။

"ခါးသေးသေးလေးပဲ"

"ဟင်"

"ကြောက်သေးလား"

"ဟို... မကြောက်တော့ပါဘူး"

ဖက်ထားရင်းနှင့်ပင် ရိပေါ်ရဲ့ နားသယ်စပ်လေးကို ခပ်ဖွဖွနမ်းရင်းပြောသည်။

"ကျုပ်တစ်ညလုံးဖက်ထားပေးမှာမို့ စိတ်ချလက်ချအိပ်ပါ ဝမ်မျိုးရိုး"

ရူးနေသလား ဟုသာ ရိပေါ်မေးလိုက်ချင်သည်။ သူက ဒီလိုကြီးဖက်ထားခံရပြီး သူများရင်ခွင်ထဲရောက်နေတဲ့ အနေအထားမှာ ဘယ်လိုအိပ်ပျော်နိုင်ပါ့မလဲ။

ရုတ်တရက် ရိပေါ်ရဲ့ တင်ပါးနောက်မှ ခံစားချက်ကထူးဆန်းလာသည်။ ခပ်မာမာ အရာတစ်ခုက သူ၏တင်ပါးစိုင်တွေကြားလာ၍ ထောက်နေတာဖြစ်သည်။ သူထင်တာမမှားလျှင် ...။

"ဟို...မြို့အုပ်ရှောင်း ကျွန်တော်.. "

"ပြောပါ..  ကျုပ်နားထောင်နေပါတယ် ဝမ်မျိုးရိုး"

"ကျွန်တော့်ကို... ဟို"

ရိပေါ် တကယ်ပြောရခက်နေသည်။ ဒီစကားကို ယောကျ်ားတစ်ယောက်တန်မဲ့ ဘယ်ကဘယ်လိုစပြောရပါ့မလဲ။

"အိပ်မပျော်လို့လား ဝမ်မျိုးရိုး"

"ဟုတ်ကဲ့ ကျွန်တော်..."

"ဘာလို့ အိပ်မပျော်တာလဲ"

ခန္ဓာကိုယ် နှစ်ခုကို ကပ်သထက် ပိုပိုပြီးကပ်လာတဲ့ မြို့အုပ်ကြောင့် ရိပေါ် အားမနာတမ်း ပြောမှဖြစ်တော့မည်။

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now