အပိုင်း(၄)

Start from the beginning
                                    

တွေးလည်းတွေး ရှက်လဲရှက်ဖြင့် တစ်ယောက်ထဲ ဗျာများပြီး ပူထူနေချိန် ဟိုတစ်ယောက်ကတော့ ဘာမှမဖြစ်သလိုပုံစံဖြင့် ကျွန်တော့်ဘေးနားမှဖြတ်လျောက်သွားလေပြီ။

အဝတ်အစားအိတ်ထဲမှ လက်ရှည်အက်ျီတစ်ထည်ဆွဲထုတ်ပြီး ခါးအနောက်ကနေ ပါတ်ချည်လိုက်သည်။
Ok... ဒီလောက်ဆိုရပြီ။

မပြီးသေးဘူး...
ဟိုလူကို ပြောစရာရှိသေးတယ်..

"ဟေ့..ဟေ့.. ဟိုအကို... ဟိတ်...''

ကျွန်တော်အော်ခေါ်နေပေမယ့် ဆရာသမားက လှည့်တောင်မကြည့်။
သူ့ဖာသာ သွားစရာရှိတာသွားနေသည်။

"ဒီမှာ... ကျွန်တော်မေးစရာရှိလို့ဗျ...''

မေးစရာရှိလို့ဆိုမှ ကိုယ်တော်ချောက  တုန့်ခနဲရပ်သွားသည်။
အနောက်ကနေအပြေးလိုက်လာရသဖြင့် သူ့ရှေ့မှာအမောဖြေနေသည့် ကျွန်တော့်ကို ရှုတည်တည်ကြည့်နေလေသည်။

"ခဗျားကျောင်းကကျော်ခဲ့ပြီ... ဟိုဘက်လမ်းဆုံကနေ အရှေ့ဆက်သွားရမှာ... ညာဘက်ချိုးရင် ရွာဦး ဘုန်းကြီးကျောင်း.. ဘုန်းကြီးကစိတ်မြန်ခြေမြန်ကြီး... ဟိုမှာလှမ်းမြင်နေရတဲ့ သွပ်မိုးနဲ့ နှစ်ထပ်အိမ်အမြင့်က.. ရွာလူကြီးအိမ်... အိမ်ရှေ့ကနေအရင်အော်.. ခွေးရှိတယ်အဲ့အိမ်က.. . ဟိုဟာကရေတွင်း... ဟိုဘက်ကဟာက ကျေးလက် ကျန်းမာရေးဆေးခန်း.. ဒါပေမဲ့ ဆရာမမရှိဘူး.. မီးဖွားခွင့်ပြန်သွားတယ်... ခုနကဖြတ်ခဲ့တဲ့တံတားက ယာနိုးချောင်းတံတား.... သခ်ျိုင်းကုန်းကရွာရဲ့................''

"ဒီမှာ.........''

မေးမယ့်ဟာကတခြား သူ့ဖာသာပြောချင်ရာပြောနေတာကတခြား။
စိတ်တိုတိုနဲ့စောင့်အော်ပေးလိုက်တော့ ငြိမ်သွားပြီး သူမဟုတ်သလိုရုပ်နဲ့ စိုက်ကြည့်နေပြန်သည်။

"ဟို.. ကျွန်တော်ဘောင်းဘီပြဲတာကို... ဘယ်အချိန်ကတည်းက.. တွေ့နေတာလဲ... မေးမလို့...'''

"ရှုခင်းသာအဆင်းကတည်းက....''

"ဘာ... ရှုခင်းသာအဆင်း.. ဒါဆိုကြာလှပြီပေါ့... ဘာလို့စောစောကတည်းက မပြောတာလဲ... နေအုံး... ခဗျားဘာတွေမြင်သွားသေးလဲ... ဘာမှမမြင်ဘူးမှလား... မြင်ရဲ့သားနဲ့ အရသာခံကြည့်နေတာတော့.. မဟုတ်ပါဘူးနော်... ''

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now