Letter I

93 14 0
                                    

ပေးစာ ။ ။
ရီနိုရက်စတာမြို့ ၊ အိမ်အမှတ် ၃၁
ဒေလန် ဆေးပေးခန်း

သို့ /
ဒေါက်တာဒေလန်

ကျန်းမာနေကောင်းပါရဲ့လား မိတ်ဆွေကြီးခင်ဗျား ၊ မိုးသည်းမုန်တိုင်းထန် တဲ့ တောင်ပိုင်းရဲ့ ရာသီဥတုကြားထဲမှာ ကျုပ် ရဲ့ ဒီစာလေးတစ်စောင်ဟာ မိတ်ဆွေကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါစေဆုတောင်းပါတယ်။

ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ ဒေါက်တာခင်ဗျား ၊ ကျုပ်ကတော့ ဒီကနေ အတော်လေး ဝေးကွာတဲ့ ဟေဒီယန်မြို့က ရာထူးတာဝန်ယူထားတဲ့ မြို့စားမင်း အလက်ဇန်းဒါး သောနယ်ဒီယန် ပါ။ အဝေးကမိတ်ဆွေကြီးကတော့ ကျုပ်က်ို မသိလောက်ပေမယ့် ကျုပ်ကတော့ နတ်ဆေးဆရာဝန်လို့ တင်စား ခေါ်ကြတဲ့ ဒေါက်တာဒေလန်ကို ကြားကြားချင်း အံ့အားသင့်လေးစားခဲ့ရတာပါပဲ ။ မိတ်ဆွေကြီးရဲ့ ကျေးဇူးကြောင့် ကျုပ်မိတ်ဆွေရင်းကြီးရဲ့ အမေ သေရွာပြန်နေကောင်း ခဲ့ ရတဲ့သတင်းက ဒီနယ်တစ်ဝိုက်မှာ အမွှေးဆုံးပေါ့ဗျာ။ ရွှေရောင် ငှက်မွှေးဦးထုပ်အမြဲဆောင်းတတ်တဲ့ ခင်ဗျားရဲ့ အဘွားအ်ိုလူနာကို ခင်ဗျား မှတ်မိမှာပါ ။

ဒေါက်တာဒေလန်ကို လေးစားခဲ့ပေမယ့် ဒေါက်တာဒေလန်ကို ကိုယ်တိုင်ရှာရမယ့်တစ်နေ့ ရောက်လာလိမ့်မယ်လို့ တွေးမထင်မိခဲ့ပါ ။ ဒီလိုပါ ဒေါက်တာဒေလန်ခင်ဗျား ၊ ကျုပ်ရဲ့ ကြင်သူသက်ထား ချစ်ဇနီးလေးဟာ ထူးဆန်းတဲ့ ရောဂါဝေဒနာတစ်ခု ခံစားနေရတာမို့ လာကြည့်ပေးစေချင်ပါတယ် ။ လမ်းခရီး စရိတ်အပြင် နေစရိတ် စားစရိတ် ကုန်ကျစရိတ် မှန်သမျှ ကျခံပါမယ်။ ဆေးဝါးကုသ ခြေကြွခအဖြစ် ရွှေင်္ဒဂါးပေါင်း တစ်သောင်းနဲ့ ယာမြေတစ်ကွက်ပေးပါမယ် ။ ဆရာဝန်သမားတော်တွေ အကုန် လက်လျှော့ ထားတဲ့ ရောဂါမို့ တကယ်လို့ ဆေးပညာနဲ့ ကုသလို့ မရနိုင်တဲ့ ရောဂါများဖြစ်နေခဲ့ရင်လည်း အပြစ်မယူပါခင်ဗျာ ၊ ကုသလို့ ပျောက်ကင်းနိုင်သည်ဖြစ်စေ မပျောက်ကင်းနိုင်သည်ဖြစ်စေ နောက်ဆုံးကောက်ရိုးတစ်မျှင် အနေနဲ့ စမ်းကြည့်ချင်တာမို့ ဒေါက်တာဒေလန် လာခဲ့ပေးဖို့သာလိုတာပါ ။

ဒေါက်တာရဲ့ ပြန်စာကို မျှော်နေပါ့မယ် ခင်ဗျား ။ ကောင်းသောနေ့လေးဖြစ်ပါစေ ။

မှ
လေးစားစွာဖြင့်
အလက်ဇန်းဒါး သောနယ်ဒီယန် ။ ။








Zawgyi

ေပးစာ ။ ။
ရီႏိုရက္စတာၿမိဳ႕ ၊ အိမ္အမွတ္ ၃၁
ေဒလန္ ေဆးေပးခန္း

သို႔ /
ေဒါက္တာေဒလန္

က်န္းမာေနေကာင္းပါရဲ႕လား မိတ္ေဆြႀကီးခင္ဗ်ား ၊ မိုးသည္းမုန္တိုင္းထန္ တဲ့ ေတာင္ပိုင္းရဲ႕ ရာသီဥတုၾကားထဲမွာ က်ဳပ္ ရဲ႕ ဒီစာေလးတစ္ေစာင္ဟာ မိတ္ေဆြႀကီးဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာပါေစဆုေတာင္းပါတယ္။

က်ဳပ္ကိုယ္က်ဳပ္ မိတ္ဆက္ပါရေစ ေဒါက္တာခင္ဗ်ား ၊ က်ဳပ္ကေတာ့ ဒီကေန အေတာ္ေလး ေဝးကြာတဲ့ ေဟဒီယန္ၿမိဳ႕က ရာထူးတာဝန္ယူထားတဲ့ ၿမိဳ႕စားမင္း အလက္ဇန္းဒါး ေသာနယ္ဒီယန္ ပါ။ အေဝးကမိတ္ေဆြႀကီးကေတာ့ က်ဳပ္က္ို မသိေလာက္ေပမယ့္ က်ဳပ္ကေတာ့ နတ္ေဆးဆရာဝန္လို႔ တင္စား ေခၚၾကတဲ့ ေဒါက္တာေဒလန္ကို ၾကားၾကားခ်င္း အံ့အားသင့္ေလးစားခဲ့ရတာပါပဲ ။ မိတ္ေဆြႀကီးရဲ႕ ေက်းဇူးေၾကာင့္ က်ဳပ္မိတ္ေဆြရင္းႀကီးရဲ႕ အေမ ေသ႐ြာျပန္ေနေကာင္း ခဲ့ ရတဲ့သတင္းက ဒီနယ္တစ္ဝိုက္မွာ အေမႊးဆုံးေပါ့ဗ်ာ။ ေ႐ႊေရာင္ ငွက္ေမႊးဦးထုပ္အၿမဲေဆာင္းတတ္တဲ့ ခင္ဗ်ားရဲ႕ အဘြားအ္ိုလူနာကို ခင္ဗ်ား မွတ္မိမွာပါ ။

ေဒါက္တာေဒလန္ကို ေလးစားခဲ့ေပမယ့္ ေဒါက္တာေဒလန္ကို ကိုယ္တိုင္ရွာရမယ့္တစ္ေန႔ ေရာက္လာလိမ့္မယ္လို႔ ေတြးမထင္မိခဲ့ပါ ။ ဒီလိုပါ ေဒါက္တာေဒလန္ခင္ဗ်ား ၊ က်ဳပ္ရဲ႕ ၾကင္သူသက္ထား ခ်စ္ဇနီးေလးဟာ ထူးဆန္းတဲ့ ေရာဂါေဝဒနာတစ္ခု ခံစားေနရတာမို႔ လာၾကည့္ေပးေစခ်င္ပါတယ္ ။ လမ္းခရီး စရိတ္အျပင္ ေနစရိတ္ စားစရိတ္ ကုန္က်စရိတ္ မွန္သမွ် က်ခံပါမယ္။ ေဆးဝါးကုသ ေျခႂကြခအျဖစ္ ေ႐ႊဒၤဂါးေပါင္း တစ္ေသာင္းနဲ႔ ယာေျမတစ္ကြက္ေပးပါမယ္ ။ ဆရာဝန္သမားေတာ္ေတြ အကုန္ လက္ေလွ်ာ့ ထားတဲ့ ေရာဂါမို႔ တကယ္လို႔ ေဆးပညာနဲ႔ ကုသလို႔ မရႏိုင္တဲ့ ေရာဂါမ်ားျဖစ္ေနခဲ့ရင္လည္း အျပစ္မယူပါခင္ဗ်ာ ၊ ကုသလို႔ ေပ်ာက္ကင္းႏိုင္သည္ျဖစ္ေစ မေပ်ာက္ကင္းႏိုင္သည္ျဖစ္ေစ ေနာက္ဆုံးေကာက္႐ိုးတစ္မွ်င္ အေနနဲ႔ စမ္းၾကည့္ခ်င္တာမို႔ ေဒါက္တာေဒလန္ လာခဲ့ေပးဖို႔သာလိုတာပါ ။

ေဒါက္တာရဲ႕ ျပန္စာကို ေမွ်ာ္ေနပါ့မယ္ ခင္ဗ်ား ။ ေကာင္းေသာေန႔ေလးျဖစ္ပါေစ ။

မွ
ေလးစားစြာျဖင့္
အလက္ဇန္းဒါး ေသာနယ္ဒီယန္ ။ ။

Mayhem Where stories live. Discover now