တစ်ခွန်းတည်းပြောရရင် ' ချောတယ် '

နှစ်ခွန်းပြောရရင် ' အရမ်း ချောတယ် '

သုံးခွန်းကြီးများတောင်ပြောရရင် 'ပိုးစိုးပက်စက် အရမ်းအရမ်း ချောတယ်'

Fei Chengနဲ့ ယှဉ်ရင် သူက ရွံ့ထဲက ဘဲရုပ်ဆိုးလိုပဲလို့ Nan HuaiLin ခံစားရတယ်။

"ကျတော် ဖုန်းပြောမလို့"

"He DingHongဆီကို ခေါ်မှာလား?"

"ဟုတ်တယ်"

"အဲ့တာဆို ခေါ်စရာမလိုဘူး။ အဲ့ဒီအကြောင်းကို ကိုယ် သူနဲ့ရှင်းပြီးသွားပြီ"

Nan HuaiLinအခုမှ ခေါ်ခါစပဲ ရှိသေးတဲ့ဖုန်းကို ချလိုက်ပြီး Fei Chengကို ကြည့်လိုက်တယ်။

"ခင်ဗျား သူ့ကို ဘာပြောလိုက်တာလဲ?"

Nan HauiLinက သူ့ကို အဲ့လိုစိုက်ကြည့်လာတော့ သူ့ရဲ့ နှလုံးသားက ရုတ်တရက် ထပြီး နည်းနည်းလေး အနှောင့်အယှက်ပေးလာတယ်။

သူတို့က တစ်ခါတည်းပဲ ဆုံဖူးသေးတာဆိုပေမယ့် သူ့ရဲ့အိပ်မက်တွေထဲမှာ Nan HuaiLinနဲ့အတူ နှစ်ခါတောင် အိပ်ပြီးပြီ။ မနေ့ညက အိပ်မက်က သူ့စိတ်ထဲမှာ တကယ်ဖြစ်ပျက်ခဲ့သလို ပိုပြီး လက်တွေ့ဆန်တယ်လို့ ထင်တယ်။ အဲ့ဒီအကြောင်းကို နည်းနည်းစဉ်းစားလိုက်ရုံနဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ပူပြီး တောက်လောင်လာတယ်။

အချိန်ခနလောက် စောင့်ဆိုင်းနေပေမယ့် အဖြေပြန်မလာတော့ Nan HuaiLin အရမ်းသိချင်လာပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ?"

Fei Cheng ကို့ယို့ကားယားနဲ့ ချောင်းဟန့်လိုက်ပြီး "ကိုယ် သူ့ကို ပြောလိုက်တာက မင်းက အဖျားမိပြီး ဆေးရုံပေါ်ရောက်နေလို့ သူ့ကို လာမတွေ့နိုင်ဘူးလို့"

"အဲ့တော့ သူက ဘာပြန်ပြောလဲ?"

"သူပြောတာက မင်းကို မနက်ဖြန်ကြရင် ပြန်ခေါ်မယ်တဲ့ "

"အို့" Nan HuaiLin စကားပြောတာကို ရပ်တန့်လိုက်တော့ လေထုက ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွားတယ်။

Nan HuaiLinက သူ့ရဲ့ဖုန်းပေါ်ကို အကြည့်လွှဲကာ ခေါင်းငုံ့လိုက်တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now