Part 28 Pat Talk

1.4K 124 43
                                    

အချစ်မရှိတော့ ရင် နှလုံးသားက ဘာအတွက်ရှိနေရဦးမှာလဲ?

နံနက်ခင်းနေရောင်ခြည်က တောက်ပလျက်ရှိသည်။ကျွန်တော့်ယိုင်နဲ့မောပန်းနေသော ခန္ဒာကိုယ်ဖြင့် Kornရဲ့ အိမ်ကိုသွားအိပ်ခဲ့သည်။

ကျွန်တော် Pranဘေးမှာနေပြီး အတားအဆီးမှန်သမျှကိုရှင်းထုတ်ပစ်ဖို့မျှော်လင့်ခဲ့သည်။အနာကျင်ရဆုံးကတော့ ကျွန်တော့်အနားက လူတွေ ကြောင့် မဟုတ်ပဲ Pranကိုယ်တိုင်က လက်လျှော့အရူံးပေးလိုက်ခြင်းဖြစ်သည်။

အရင်ကဆိုရင် ကျွန်တော်ကိုယ့်ကိုယ်ကိုယ် အားအင်ရှ်ိသမျှဖြင့် ထိန်းချုပ်နိုင်သေးသည်။ဒီနေ့တော့ကျွန်တော်တယောက်ထဲ ဘယ်ကိုမှ မသွားနိုင်လောက်အောင် နွမ်းလျနေသည်။

"မင်း ခဏလောက်အိပ်လိုက်ဦး"

Kornကအိပ်ချင်မူးတူးအသံဖြင့်ပြောသည်။ရေခဲ‌သေတ္တာထဲမှာ အမူးသောက်ရန်beerများလည်းရှိသည်။ Kornက ကျွန်တော်ဘယ်ကလာသလဲ၊ ဘာဖြစ်လာလဲဆိုတာမမေးပါ။

ကျွန်တော့်ဆီမှ ဖုန်းသံကြောင့်Kornကကျွန်တော့်ကိုအောက်ဆင်းခေါ်ပြီး အိပ်ယာထဲသို့ပြန်ဝင်သွားသည်။Kornကကျွန်တော့်ရဲ့အတွေးတွေ အနည်ထိုင်လာစေဖို့ သီးသန့်အချိန်ပေးထားသည်။ဒါပေမဲ့ အချိန်ဘယ်လောက်ကြာကြာ ကျွန်တော့်နှလုံးသားထဲတွင်ရှိသော စိုးရိမ်ပူပန်မူများ ကို မလျှော့နိုင်ပဲဖြစ်နေသည်။

"မင်းငါ့ကိုပြောပြတော့မှာလား၊ ဘာပြသနာနဲ့အိမ်ကနေထွက်ပြေးလာတာလဲ"

ကျွန်တော်ပြန်မဖြေပါ။ တိတ်ဆိတ်နေခြင်းကအကောင်းဆုံးအဖြေဟုသာကျွန်တော်ထင်သည်။

Kornက အိပ်ယာပေါ်မှ ထပြီး ကျွန်တော်ဝယ်လာသော အိတ်ထဲမှပစ္စည်းများကိုကြည့်သည်။ကျွန်တော့်အဝတ်အစားတွေကိုမြင်တော့ Kornကသက်ပြင်းချသည်။ ပြီးတော့ကျွန်တော့်ခေါင်းကိုအားပြင်းပြင်းနှင့်တွန်းလိုက်သည်။ကျွန်တော်လဲ ကူညီရာမဲ့နေသူတစ်ယောက်လို အနောက်သို့မှီလိုက်သည်။

"အခုလောက်ထိ ဘာပြသနာတွေဖြစ်လာလို့လဲ"

"Pranငါ့ကိုထားသွားပြီ"

BBS Ohmnanon Mm translation.Where stories live. Discover now