"အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်ဆိုတာပါ မင်းနားလည်အောင် သင်ပေးနေရတဲ့အထိ ငါ့အချိန်တွေက ဈေးမပေါဘူး၊ Baekhyun မင်း မလုပ်နိုင်ရင်လည်း စောစောစီးစီး ဝန်ခံ
လိုက်"
"အခုလို အချိန်မှာတောင် ခင်များရဲ့အပြုအမူတွေကရိုင်းပြလွန်းနေတာ ရေရှည်မှာ ဘယ်လိုစိတ်နဲ့ ခင်များရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်မှာလဲ"
"မင်းဘာလို့ သောက်ရေးမပါတဲ့ စကားတွေနဲ့ ငါ့ကိုလာသင်ပြပေးနေလဲ ငါမသိတော့ဘူး Baekhyun, နားထောင်နေရတာကိုက ရယ်စရာဖြစ်နေပြီ၊ငါ့ကို ရန်မစစမ်းနဲ့ မင်းအတွက် ကံကောင်းဖို့မရှိဘူး"
"အဲ့လို မဟုတ်မှာ ကျွန်တော် စိုးရိမ်မိတယ် Chanyeol Ssi ခင်များမှာ ကျွန်တော့်အကူအညီမပါပဲ Junmyeon Ssi
ကို ရှာနိုင်တဲ့ အရည်အချင်းရော ရှိလို့လား"
Baekhyun ရဲ့ လိုရင်းမရောက်တဲ့ စကားတွေက Chanyeolရဲ့ သည်းခံနိုင်စွမ်းကို ပျောက်ဆုံးစေလိုက်
သလိုပင်။ချက်ချင်း Chanyeol ရဲ့ လက်က remote ကို နှိပ်လိုက်သည်နှင့် Baekhyun ဒူးခွေကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စစ်နှင့် shock ရိုက်ခံရသည့် နာကျင်မှုကိုခံစားရသည်မှာစက္ကန့်ပိုင်းအတွင်းသေလုမျောပါးဖြစ်သည်အထိပင်။ ဒူးထောက်ကျသွားသည့်တိုင် Baekhyunနာကျင်မှုကိုတောင့်ခံထားသည်၊ပြန်မထနိုင်သည့်ကြားမှ သွေးရောင်မဲ့လုနီးနီး ဖြူဖျော့ကျသွားသည့် နှုတ်ခမ်းတို့က အပြုံးယောင်ယောင်သမ်းနေလျက်။
တကယ်တော့ Baekhyun သိနှင့်ပြီးသား၊ အပေးအယူနှင့် ဖြတ်သန်းနေရသည့် ကာလမှာတောင် Chanyeol ဆို
သည့်သူက အနိုင်မရှိပဲ ဘယ်တော့မှ အလုပ်မလုပ်ဘူးဆိုတာ။Baekhyun မှာ သူ့အတွက် W.Net ကို တိုက်ခိုက်
မယ့် လက်နက်ဖြစ်ပေးမယ်လို့ ကမ်းလှမ်းတာတောင်မှBaekhyun ကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်တောင်
သူ မပေးခဲ့ဘူး။ Baekhyun ကို အကျယ်ချုပ်ခံ သံသယရှိသူတယောက်လိုသာ Chanyeol က အဆုံးထိ သတ်မှတ်ထားတုန်း။
Baekhyun သဘောမကျသည့် ငွေမျှင်ရောင် Handchainပါးပါးလေးတွေက Chanyeol စိတ်လိုလက်ရ အသုံးချ
ဖို့ နှိပ်စက်သည့် အခြေခံ လက်နက်အသေးစားလေးတွေဖြစ်ခဲ့သည်ပဲ။ဒီလိုအချိန်မှာတောင် Baekhyun အနေနဲ့ Chanyeol ကို ဒီ့ထပ်ပိုပြီး ပျက်စီးတဲ့သူ မဖြစ်စေချင်တဲ့စိတ်က ကိုယ်တိုင်ထိခိုက်ခံရတာထက်ကို အားသာနေတာမို့Chanyeol ရဲ့ အထင်သေးပြီး ဖိနှိပ်တာခံနေရရင်တောင်Baekhyun လက်မလျော့ဖို့ အတွေးက ဖျက်သိမ်းဖို့ခက်သည်အထိ မြဲမြံနေခဲ့သည်။
YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla
Part 23 || Is it virtually truth or not?||
Start from the beginning
